Part_17

553 17 2
                                    

အနောင်ချစ်ရပါသောတောကမောင်လူဆိုး..အပိုင်း(၁၇)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*/..သား...သာကျော် ဘယ်သွားမလို့တုန်း ../*

*/..အပြင်ခဏသွားမလို့ အမေ../*

*/..သားရယ် တနေ့တနေ့ အပြင်သွားလိုက် ထန်းတောသွားလိုက် မင်းထင်နဲ့ပေါင်းပြီး ရန်ဖြစ်လိုက်နဲ့ သားရယ် အမေတို့ဘက်ကိုငဲ့တွေးပြီး လိမ္မာပါတော့ကွယ်.../*

......

*/..သားအသက်ကလည်းငယ်တော့တာမဟုတ်ဘူး သားလည်းတနေ့အိမ်ထောင်ပြုရမှာ သားယူမဲ့မိန်းမကို သားကရှာကျွေးရမှာ သားရဲ့မိန်းမအများအမြင်မှာမျက်နှာမငယ်အောင်သားကသူ့ကို ပြည့်ပြည့်စုံစုံထားရမှာသားရဲ့..ပြီးတော့အမေတို့ကအသက်ကြီးနေပြီ .../*

......

*/..အမေတို့မရှိရင် သားပဲ ဒီလုပ်ငန်းတွေကိုဦးဆောင်လုပ်ရမှာ သားအဘဆို ကြည့်စမ်း သူခဗျာမနားမနေပဲ စီးဦးလုပ်ကိုင်နေရတာ အမှန်ဆို သားအဘက ဒီအရွယ်က အိမ်မှာနားနားနေနေ နေရမဲ့အရွယ်ရောက်နေပြီ သားက ခုထိမလိမ္မာသေးတော့ သားအဘခဗျာ ပင်ပင်ပန်းပန်လုပ်နေရတယ်.. သားရယ် အမေတို့ကိုသနားရင် လိမ္မာပါတော့.../*

အမေဒီလိုပြောတော့လည်း ဟုတ်တော့ဟုတ်သား သားကျော်တစ်နေ့နဲ့တစ်နေ့အခြေအမြစ်မရှိ အပြင်သွား  ထန်တောသွားနဲ့ အချိန်ကုန်နေခဲ့တာ အမေနဲ့အဘအတွက် တွေးမပေးခဲ့ဖူးဘူး သာကျော် မိဘတွေအပေါ် ခုအရွယ်လုပ်ပေးခဲ့တာမရှိဖူးဘူး....

*/..ဟုတ်အမေ သားအဘရဲ့အလုပ်တွေကို ဝင်ကူပါမယ့် အမေ အခုတော့သားအပြင်ခနသွားဦးမယ်../*

*/...သားအရေးကြီး သွားစရာရှိလို့လား../*

*/..အရေးကြီးတာတော့မဟုတ်ဘူး အမေ../*

*/..ဒါဆို သားအမေ့ကို သားရှိန်းခန့်ဆီ ဒီကြက်ပြုတ်ရေလေးသွားပို့ပေးပါလား သားရယ် သားရှိန်းခန့် နေမကောင်းလို့ အားရှိအောင်အမေက ကြက်သားလေးပြုတ်ပေးထားတာ... /*

*/..ဟာ..အမေကလည်း အဲ့လူဆီမသွားချင်ပါဘူး../*

*/..သားရယ် သွားပေးပါ အမေကကိုယ်တိုင်သွားပို့ချင်ပေမဲ့ ဆရာတော်ဘုရားခေါ်ထားလို့ ဆွမ်းချိုင့် သွားပို့ရင်သွားမလို့ သွားပို့လိုက်ပါသားရယ် မင်းမမရဲ့ ခဲအိုဆိုတော့ အမေတို့နဲ့လည်းအမျိုးမကင်းဘူးလေ ပြီးတော့ သားရှိန်းခန့်က အမေတို့ရွာမှာ ပရဟိတစာလာသင်ပေးတာလေ သားရဲ့ သူခဗျာ တစ်ယောက်ထဲနေတာဆိုတော့ နေမကောင်းချိန်ဂရုစိုက်မဲ့သူမရှိဘူးသားရဲ့../*

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now