အနောင်ချစ်ရပါသောတောကမောင်လူဆိုး..အပိုင်း(၁၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သာကျော်တစ်ယောက် သူများအကျိုးဆောင်မိလို့ အခုတော့ မင်းထင်ကောင်းမှုကြောင့် ခါးတွေချိတဲ့အထိ သပ္ပိတ်တွေဆေး သက်န်းတွေလျော်ပေးရနဲ့ အတော်ညောင်းသွားသည် ဒင်းကတော့ အခုချိန်ဆို ကျောင်းဆရာနဲ့ ချစ်ကြည့်နူးတစ်တစ်တူးနေလောက်ပြီ...
*/...မင်းထင် မင်းထင် မေးဘေး ငါကိုကအပေါင်းသင်မှားပေါင်းမိတာ../*
ပြောလည်းပြော သက်န်းတွေကို အားနဲ့အင်နဲ့ဆောင့်လျှော်ရင်း သာကျော်တစ်ယောက် ဇောချွေးတွေပြန်နေရသည်.....
____________________
*/..အရီးလေး.../*
*/..ဟော ငါ့တူမင်းထင် ဘာလဲ သာကျော်ဆီလာတာလား../*
*/..ဟုတ်တယ် အရီးလေးရဲ့ သူအိမ်မှာရှိတယ်မလား.../*
*/...ရှိပါ့တော် ရှိပါ့ မနေ့က ဘယ်တွေသွားပြီ ဘာဖြစ်လာမှန်းမသိပြန်လာတော့ကုန်းကုန်း ကုန်းကုန်းနဲ့ အခုလေးတင်သူခါးနာလို့ ဆေးလိမ်းပေးထားရတယ် အဲ့တာကြောင့်သူအပြင်မထွက်တာ../*
*/...ဟုတ်လားအရီးလေး.../*
သာကျော်ခါးနာရတဲ့ ကိစ္စက မင်းထင်ပရောဂမကင်း မနေ့ကကျောင်းဆရာဆီက အဖြေရပြီး မင်းထင်အပျော်လွန်နေတာကြောင့် ဆရာကိုအိမ်ပြန်လိုက်ပို့ပြီး သာကျော်ကို ခေါ်ဖို့မေ့ခဲ့တာဖြစ်သည် ခနနေသာကျော်ရဲ့ ဒေါသတွေ မင်းထင်ဆီရောက်တော့မယ်ဆိုတာ မင်းထင်ကြိုသိနေမိသည်...
*/..ဒါဆို ကျုပ် သာကျော့်ဆီသွားလိုက်ဦးမယ်နော် မရီးလေး../*
*/..အေးအေး ဝင်သွားလိုက်../*
______________________
*/..သူတောင်းစားမင်းထင် မေဘေးမင်းထင် ဒင်းကောင်းမှုကြောင့် ဒီဒဏ်ကိုငါခံနေရတာ နှာခေါင်းမီးတောက်လွန်နေတာ ငါ့ကိုတောင် မခေါ်ပဲ ဒင်းက အိမ်ပြန်သွားတယ်
သူတောင်းစားမင်းထင် ခွေးကောင်../*မင်းထင် အခန်းထဲမဝင်ခင် သာကျော်ရဲ့ မေတ္တာပို့သံကို အတိုင်းသားကြားနေရသည်..

YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
Romanceကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...