Part_9

448 17 0
                                    

အနောင်ချစ်ရပါသော...တောကမောင်လူဆိုး..အပိုင်း(၉)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တခြမ်းထဲရှိသော..လခြမ်းလေးကို..အနောင်အတန်ကြာသည်အထိအဓိပ္ပါယ်မဲ့စွာငေးကြည့်နေမိသည်..ညနေက..ရှက်ပြီး..မင်းထင်ကိုထိုးခဲ့ပေမဲ့..အနောင်..စိတ်ထဲတွင်တော့တကယ်မကောင်းချေ..သူထိုးပြီး..နှုတ်ခမ်းမှာသွေးစို့ပြီးကျန်ခဲ့တဲ့မင်းထင်ပုံကိုမြင်ပြီး..တကယ်စိတ်မကောင်းမိတာအမှန်...

အနောင်..အမှန်တိုင်းဝန်ခံရရင်..မင်းထင်ကို ရင်ခုန်မိတာအမှန်ပါ..ငယ်ငယ်လေးထဲက ကိုယ့်ကိုကိုယ်အနောင်သတိထားမိခဲ့တယ်..မိန်းခလေးတွေနဲ့ပက်သက်ပြီးအနောင့်..ဘယ်သူ့ကိုမှခံစားချက်ထားလို့မရခဲ့..
အစကတော့..ချစ်တဲ့မိန်းခလေးမတွေ့သေးလို့ထင်ခဲ့တာ..မင်းထင်နဲ့တွေ့မှ..အနောင်..မိန်းခလေးတွေထက်ယောကျ်ားလေးဆီမှာပဲ..အနောင့်ခံစားချက်တွေဖြစ်ပေါ်တာဆိုတာကိုအနောင်..သေချာသိလိုက်ရတယ်..

ဟူးးးးး...

အနောင်..စိတ်လက်မပေါ့ပါးစွာသက်ပြင်းအရှည်ကြီးချလိုက်မိသည်...

_________________

*/..ဟျောင့်..မင်းထင်..မင်းသေချာပြီလား.../*

*/..သေချာတယ်ကွာ../*

*/...မင်းပြောတော့..ဒီဆံပင်ကိုမင်းမညှပ်ဘူးဆို..ခုမှဘာလို့ညှပ်ချင်လာရတာလဲ..ဘာလဲ..ဟိုကျောင်းဆရာကြောင့်လား.../*

*/...မင်းကွာ..တော်တော်စောက်စကားရှည်တယ်..အေး..ဟုတ်တယ်ကွာ..ဘာဖြစ်လဲ../*

*/...ဘာလဲ..ကျောင်းဆရာရဲ့အချစ်ရဖို့ လူလိုသူလိုနေတော့မယ်ပေါ့လေ.../*

*/..×ီးပဲ..မင်ပြောတဲ့ပုံက အရင်ကငါက လူလိုသူလိုမနေတာကြနေတာပဲ../*

*/...မဟုတ်ဘူးလေကွာ..မင်းကအရင်ကဆို ခုလို...မဟုတ်ဘူးလေကွာ..ခုမှအချိုးပြောင်းနေလို့../*

*/...တော်စမ်းကွာ စောက်ပိုမပြောနဲ့..ညှပ်ပေးတော့မြန်မြန်../*

*/..အေးရောကွာ..ခပ်တိုတိုပဲညှပ်လိုက်တော့မယ်နော်../*

*/..အုန်းမုန့်ခွက်ကေတော့ဖြစ်အောင်မလုပ်နဲ့နော်..အဲ့ပုံစံဖြစ်သွားလို့ကတော့မင်း..အသေပဲ../*

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now