Part_8

549 19 0
                                    

အနောင်ချစ်ရပါသော..တောကမောင်လူဆိုး..အပိုင်း(၈)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းထင်တစ်ယောက်..ကျောင်းဆရာကိုကျောင်းကြိုရန်...စောင့်နေကြနေရာသွားနေသည်...ထိုစဥ်..

*/...အကိုမင်းထင်../*

*/...အော်..ပျိုပါလား..ဘယ်ကပြန်လာတာလဲ.../*

*/...အရီးလေးသန်းမြ..တို့အိမ်မှာ..ရွာဘုရားပွဲကြရင်ဝတ်ဖို့ အတွက်အထည်လေးတွေသွားကြည့်တာ..အကိုမင်းထင်တို့..ပျိုပျို့ဆီတောင်မလာတာ..ကြာနေပါရောလား..ခုရောဘယ်သူ့ဆီလှည့်နေလို့..ပျို့..ဆီတောင်အရင်လိုမလာတော့တာလဲ.../*

*/..ဘယ်သူဆီမှမဟုတ်ပါဘူးဗျာ..အကိုမင်းထင် မအားလို့ပါ../*

*/...အံမယ်..တို့အကိုမင်းထင်..စီမှာတောင်..မအားတဲ့အချိန်ရှိသေးတယ်ပေါ့လေ..အရင်ကဆိုအကိုသာကျော်တို့အကိုဆိတ်ကြီးတို့နဲ့တပူးပူးတတွဲတွဲနဲ့အမြဲသွားလာနေကြ အကိုမင်းထင်က..ခုတော့တစ်ယောက်ထဲဘယ်ကိုသွားမလို့လဲ.../*

အနောင်တစ်ယောက်ကျောင်းဆင်းချိန်ရွာထဲမှာကလေးအနည်းငယ်နဲ့အတူပြန်လိုက်သည်.....ကျောင်းရှေ့အလွန်လမ်းဘေးမှာ..မိန်းကလေး..တစ်ယောက်နဲ့စကားတွေ ဘောင်ဖွဲ့ပြောနေသောမင်းထင်ကိုမြင်လိုက်ရသည်..မိန်းကလေးကအတော်ကိုလှသည်..ကိုယ်လုံးအချိုးစားပြေ ပြစ်၍ ဆံပင်အရှည်ကိုခပ်ဖွဖွလေးစည်ထားတယ်..အတော်လှသည်...အနောင်စိတ်ထဲတွင်တော့ မင်းထင်နဲ့ထိုမိန်းကလေးးစကားပြောနေသည်မှာ..အနောင်အလိုမကျချင်../*

မင်းထင်ဘေးမှ..ကလေးများနှင့်အတူ..မင်းထင်ကိုမသိချင်ယောင်ဆောင်၍ ကျော်သွားသောကျောင်းဆရာကြောင့်..မင်းထင်ဒေါသထွက်သွားရသည်...ဒီကျောင်းဆရာက ငါ့ကိုမသိချင်ယောင်သွားတယ်ပေါ့လေ../*

*/...ပျို့..ကိုယ်နောက်ကျရင်..မင်းတို့အိမ်ဘက်ကိုအလည်လာခဲ့ပါ့မယ်..ကိုယ့်ကို..အဘကမှာလိုက်တာလေးရှိလို့သွားလိုက်ဦးမယ်.../*

ပြောပြီးသည်နှင့် လှည့်ထွက်သွားသောမင်းထင်မှာကျောင်းဆရာကိုအမှီလိုက်ရသည်...

နောက်တွင်ကျန်ခဲ့သည်ပျိုပျိုခင်မှာမူ...မင်းထင်ရဲ့နောက်ကျောအား ဆွေးမြေ့စွာကြည့်၍သာ...ကျန်ခဲ့သည်..သူမ..အကိုမင်းထင်လိုရွာရဲ့လူဆိုးကောင်လေးကို..ဟိုးအရင်ထဲကချစ်မိနေသည်..အကိုမင်းထင်သူ့ကိုအလေးပေးဆက်ဆံပြီး..ပျိုပျို့ကို ပိုးတယ်ထင်ခဲ့တုန်းက ပျိုပျိုအရမ်းပျော်ခဲ့ရသည်..နောက်မှသိလိုက်ရသည်က..ပျိုပျိုနဲ့နှင်းယုနှစ်ယောက်လုံးကိုတပြိုင်ထဲ..အထာပေးခဲ့ခြင်းဖြစ်သည်..သို့သော်လည်းအဲ့လိုလုပ်ခဲ့သော..အကိုမင်းထင်အပေါ် ပျိုပျိုမုန်းမရခဲ့..အခုလည်းအကိုမင်းထင်..ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာပျိုပျိုသိသည်..အကိုမင်းထင်..နဲ့ပက်သက်သမျှကို..ဆိတ်ကြီးကိုထန်းရည်ဖိုးပေးလိုက်တာနဲ့.. အကိုမင်းထင်အကြောင်းသိရဖို့..ပျိုပျို တွက်သိရန် မခက်ခဲချေ..

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now