အနောင်ချစ်ရပါသော..တောကမောင်လူဆိုး..အပိုင်း(၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းထင်..တစ်ယောက်ကျောင်းဆရာနဲ့..ဟိုကျောင်းဆရာလိုလိုဘာလိုလို....ကောင်နဲ့ကို တွဲမြင်ရတာ တကယ်ကိုလုံးဝဘဝင်မကျ..ဒါ့ပြင်ကျောင်းဆရာရဲ့.အောက်တန်းကျတဲ့ဆိုတဲ့စကားကသူ့ကိုခံပြင်းစေသည်..
"တောက်...ဟာကွာ.."
"ဟဲ့သား..ဘာဖြစ်နေတာလဲ..ညနေကသာကျော်တို့..မင်းကိုအိမ်လာပို့ထဲက..မင်းမျက်နှာပျက်နေတာ..ဘာဖြစ်နေတာလဲ..တိုးတိုးနေပါ..မင်းအဘ..အိပ်နေတယ်..ပြော..အမေ့ကိုပြော..သားဘာဖြစ်လို့လဲ.."
"ဘာမှမဖြစ်ပါဘူး အမေရယ်.."
ပြောရင်းနှင့်ပင်..မင်းထင်..အိမ်ကထွက်လာခဲ့သည်...စိတ်ထဲကဖြစ်နေတဲ့ကိစ္စ..ကျောင်းဆရာနဲ့မတွေ့ရမချင်းသူနေသာမည်မဟုတ်..
"ဟဲ့သား..အချိန်မတော်ကြီးဘယ်သွားဦးမလိုလဲ...သြော်ဒီကောင်လေးနဲ့..မလွယ်ပါလား.."
ဒေါ်ခင်မေတစ်ယောက်သားကိုချစ်လို့သာအလိုလိုက်ထားတာ...သားအတွက်ရင်လေးမိတာအမှန်..သားကိုပြုပြင်ပေးမဲ့..ချွေးမလေးတော့ရချင်သည်..ဒါမှသားအတွက်စိတ်ချနိုင်မည်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလင်းထဲကသူက အမှောင်ထဲကသူကိုမမြင်နိုင်ပေ...ခုလည်းကျောင်းဆရာလေးက..ဟိုစာအုပ်လှန်လိုက်ဒီစာအုပ်လှန်လိုက်နဲ့ အလုပ်ရှုပ်နေသည်..အလုပ်ရှုပ်နေသော ကျောင်းဆရာကတော့..အမှောင်ထဲကနေ သူ့ကိုကြည့်နေသော..မင်းထင်ကိုမမြင်ပေ..
အချိန်ခနကြာတော့...အိပ်ယာထဲဝင်သွားဟန်တူသည့်..ကျောင်းဆရာသည်..ပြတင်းတံခါးကိုပိတ်ဖို့မေ့သွားသည်ထင်သည်...နှလုံးသားရဲ့အလိုဆန္ဒကိုမထိန်းချုပ်နိုင်သော..မင်းထင်တစ်ယောက်..အိမ်နားရှိကုက္ကိုပင်အကူညီကိုယူ၍တွယ်တက်ကာ..အခန်းထဲသို့ဝင်သွားလေသည်
ဘယ်လောက်တောင်ပင်ပန်းနေလဲမသိ...သူအခန်းထဲဝင်လာတာတောင်မသိပဲအိပ်မောကျနေလေရဲ့...မှိုင်းဖျဖျမီးအိမ်ရဲ့အလင်းရောင်နဲ့..နှစ်ခြိုက်စွာအိပ်နေသော..ဒီလူသားလေက..မျက်တောင်ခတ်ရမှာတောင်နှမျှောလောက်ရတဲ့အထိ မင်းထင် အကြည့်မလွဲနိုင်ပေ...နှာတံစင်းစင်လေးမှာ..ဆံပင်ရိပ်ဖျဖျလေးကျနေသည်..အမြဲစိုနေသောကျောင်းဆရာရဲနှုတ်ခမ်းလေမှာ..မင်းထင်ရဲ့..သမာဓိကိုစမ်းသပ်နေသရောင်...မင်းထင် ကျနေသောဆံပင်လေးကိုသပ်တင်ပေးလိုက်သည်...ထိုစဥ်...ကျောင်းဆရာရဲ့မျက်လုံးလေးတွေပွင့်လာပြီး..သူ့အားမျက်လုံးအပြူးသားနဲ့ကြည့်လေသည်

YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
Romanceကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...