Part _ 7

439 19 0
                                    

အနောင်ချစ်ရပါသော..တောကမောင်လူဆိုး..အပိုင်း(၇)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းထင်...တစ်ယောက်ညကတံခါးပိတ်လိုက်တဲ့ကိစ္စကိုမကျေနပ်၍...ကျောင်းဆရာကိုမေးရန်..စောင့်နေကျ..ကျောင်းအဝနားမှာကျောင်းဆရာကိုစောင့်နေလိုက်သည်..အရင်ကဆိုကျောင်းကိုအစောရောက်တဲ့..ကျောင်းဆရာကဒီနေ့နောက်ကျနေသည်ထိရောက်မလာသေး..မင်းထင်ကျောင်းဆရာနေမကောင်းလို့ကျောင်းမလာသည်အထင်နှင့်စိုးရိမ်၍..ကျောင်းဆရာဆီကိုလိုက်သွားရန်ဆုံးဖြတ်လိုက်သည်..လမ်းမှာအမှတ်မထင်ပဲ..ကျောင်းဆရာနဲ့.ဟိုးဘက်ရွာကမိုးဟိန်းနဲ့စကားပြောနေတာတွေ့လိုက်ရသည်..

*/...တောက်!...ကျောင်းဆရာကောင်..ငါ့မှာတော့.သူနေမကောင်းလို့ကျောင်းနောက်ကျတယ်ထင်လို့စိတ်ပူလိုက်ရတာ..သူတော့..ငါ့ရန်သူမိုးဟိန်းဆိုတဲ့ကောင်နဲ့လမ်းမှာအကြည်စိုက်နေတယ်ပေါ့လေ...တွေ့မယ်.../*

မင်းထင်..ကျောင်းဆရာနဲ့မိုးဟိန်းနားကိုသွားဖို့ပြင်လိုက်စဥ်...ကျောင်းဆရာကမိုးဟိန်းကိုထိုးလိုက်တာကိုတွေ့လိုက်ရသည်..မင်းထင်...ကြောင်သွားသည်..ကျောင်းဆရာကမိုးဟိန်းတို့နဲ့အကြည်စိုက်နေတာမဟုတ်ပဲ..မိုးဟိန်းကကျောင်းဆရာကိုနှောက်ယှက်နေမှန်း..မင်းထင်...သဘောပေါက်သွား သည်...ထိုစဥ်..မိုးဟိန်းသည်ကျောင်းဆရာကို..ထိုးရန်လက်ရွယ်လိုက်သည်ကိုတွေ့လိုက်ရသည်..မင်းထင်အမြန်သွား၍မိုးဟိန်းလက်ကိုထိန်းချုပ်လိုက်သည်.....

*/..ဟင်...မင်းထင်.../*

*/...ဟျောင့်မင်းထင်...ငါ့လက်ကိုလွှတ်..မင်းနဲ့မဆိုင်ရင်..ဝင်မပါနဲ့..အဲ့ကောင်ငါ့ကိုထိုးထားတာ..ငါ့သူ့ကိုပြန်မထိုးရမချင်းမကျေနပ်နိုင်ဘူး.../*

*/...ထိုးလိုက်လေ...မင်းသူ့အသားကိုတစ်ချက်ထိလိုက်တာ..မင်းရွာကိုမင်းအကောင်းတိုင်းအပြန်ရောက်နိုင်ဖို့..ငါအာမမခံဘူးနော်../*

*/...ဘာပြောတယ်..မင်းထင်..မင်းကအရင်ကဆို..ကိုယ့်ကိစ္စမဟုတ်ရင်..လှည့်ကြည့်တတ်တဲ့လူမျိုးမဟုတ်ပါဘူး..ခုမှဘယ်လိုဖြစ်လို့သူများကိစ္စဝင်ပါနေရတာလဲ..သူကမင်းနဲ့ဘယ်လိုပက်သက်နေလို့လဲ.../*

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now