Part_10

562 18 0
                                    

အနောင်ချစ်ရပါသော...တောကမောင်လူဆိုး..အပိုင်း(၁၀)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*/...ကျုပ်ဒီလောက်ကျိုးနွံ့ပေးထားတာတောင်မှ..ခင်ဗျားကျုပ်ကိုငြင်းချင်သေးတယ်ဆိုရင်တော့...ကျုပ်ကဒီနေရာမှာတင်..ခင်ဗျားကိုအပိုင်သိမ်းပစ်မှာ.../*

ပြောရင်းနှင့်ပင်..မင်းထင်သည်..အနောင့်မျက်နှာသို့နီးကပ်စွာတဖြည်းဖြည်း တိုးကပ်လာသည်

အနောင်..မင်းထင်ရဲ့အပြောကြောင့်..ကြောင်နေတုန်းတဖြည်းဖြည်းနီးကပ်လာသောမင်းထင်ရဲ့..မျက်နှာကြောင့်အသိစိတ်ပြန်ဝင်လာကာ...မင်းထင်ကိုတွန်းလိုက်မိသည်...

*/...မင်းထင်..ငါကမင်းအချစ်နဲ့ကျိုးနွံမှုကိုအလေးထားတာမဟုတ်ပါဘူး...ဒီလိုကြီးငါ့ကိုအတင်းအကျပ်မလုပ်ပါနဲ့..ငါတောင်းပန်ပါတယ်ကွာ..မင်းပြန်လိုက်ပါတော့../*

*/...ကျုပ်ကိုဘာမှလာမပြောနဲ့..ကျုပ်မပြန်ဘူး..ဒီနေ့ခင်ဗျားဆီက..ကျုပ်လိုခြင်တဲ့အဖြေမရမချင်းကျုပ်ပြန်မှာမဟုတ်ဘူး../*

ဦးကျော်စိန်တစ်ယောက်မိုးချုပ်သည်အထိကျောင်းဆရာလေးပြန်မလာသေး၍စိုးရိမ်နေမိသည်....

အရင်ကဆိုဆရာလေးက..အိမ်ပြန်နောက်ကျမယ်ဆို..အမြဲပြောနေကြ..အိမ်ပြန်နောက်ကျရင်လည်းဒီလောက်ထိနောက်မကျဖူးဘူး...

ဦးကြီးကျော်စိန်..ဗီရိုပေါ်မှာထောင်ထားသော..လက်နှိပ်ဓါတ်မီးကိုယူ၍ဆရာလေးကိုလိုက်ရှာရန်ထွက်လာလိုက်သည်...ဦးကျော်စိန်ခြံပေါက်နားအရောက်အသံကြားလိုက်မိသည်...

ဘယ်ကအသံလဲဟ..ခုနစကားပြောသံလိုကြားသလိုပဲ..တင်းကုတ်ရှိရာဘက်သိုလက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်၍..အော်လိုက်သည်..

*/..ဟေ့..ဘယ်သူလဲကွ.../*

အတော်ကြာသည်ထိ..ဘာသံမှမကြား၍ဦးကျော်စိန်အပြင်ကိုထွက်၍ဆရာလေးကိုခေါ်ရန်ကျောင်းရှိရာဘက်ကိုထွက်လာလိုက်သည်..

အနောင်နဲ့မင်းထင်တို့စကားပြောနေတုန်း..မီးအလင်းရောင်ကြောင့်..အော်ဖို့ဟန်ပြင်နေသောအနောင့်ပါးစပ်ကိုမင်းထင်လှမ်းပိတ်လိုက်သည်...

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now