အနောင်ချစ်ရပါသောတောကမောင်လူဆိုး..အပိုင်း(၁၈)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဒီနေ့တစ်နေ့လုံး မင်းထင်အနောင့်ဆီကိုလာမလားလို့ အနောင်မျှော်မိသေး တစ်နေ့လုံးမလာ မရင်ကဆို ကျောင်းဆင်းချိန်တိုင်း လာလာစောင့်နေကြ မင်းထင်အခုတော့အရိပ်ယောင်တောင်မရှိ မနေ့ကအနောင်ပြောလိုက်တာ လွန်သွားမှန်းသိပါတယ် လူဆိုးကောင်ကို အနောင်သွားချော့မှပဲ အိမ်ပြန်မည့်အနောင်ရဲ့ခြေလှမ်းများသည် သူကြီးအိမ်ဘက်သို့ရောက်သွားလေသည်...
~~~~~~~~~~~~~~~~~~~~~~~~~~
"အကို"
"ပြောလေ ခင်"
"သားအကြောင်းပြောမလို့ပါ"
"မင်းသားဘာတွေထပ်မွှေပြန်ပြီလဲ"
"အို အကိုကလည်း သားကိုဆို အပြစ်တင်ဖို့ပဲသိတယ် ဘာမှမမွှေပါဘူးတော် သားလေးရှေရေးအတွက်တိုင်ပင်ချင်လို့တော့်"
"အင်း မင်းသားကအရွယ်လည်းရောက်နေပြီ ဒီပုံအတိုင်းဆက်သွားရင် မလွယ်ပေးဘူး ရှိတဲ့ လယ်ယာတွေကိုလည်း မဦးစီးချင် ခုထိကို ယမကာကျေးကျွန်ဖြစ်နေတုန်း တစ်နေ့တစ်နေ့သွားလိုက်တဲ့ထန်းတော၊ သောက်လိုက်တဲ့ထန်းရည်နဲ့ ခုထိဆုံးမစကားကိုလည်းသေချာနားမထောင်ဘူး အကိုတို့တုန်းကလည်းဆိုးခဲ့တာပဲခင် မင်းသားလောက်တော့မဟုတ်ဘူး မင်းထင်ကခုထိကိုအသိတရားမဝင်သေးတာ..."
"အကိုဆိုးတုန်းက ဘယ်သူက အကို့အဲ့လိုလိမ္မာအောင် လမ်းပြပေးခဲ့တာလဲပြောပါဦး"
"ဟောဒီက ကိုယ်ရဲ့ချစ်ဇနီးလေး ခင်သူဇာ ပေါ့"
သူကြီးဦးလှမောင် ဇနီးဖြစ်သူရဲ့မေးစေ့လေးကို တယုတယကိုင်ကာ ပြောလိုက်လေသည်
"ခင် ပြောချင်တာကလည်း အဲ့လိုပဲ အကို သားလေးကိုလူကောင်းဖြစ်အောင် လမ်းတည့်ပေးမဲ့သူလိုနေပြီအကို..သားလေးကို အိမ်ထောင်ချပေးရင်ကောင်းမလား စဥ်းစားနေတာ"
"ခင့်အကြံမဆိုးဘူး သူလည်းသူအိမ်ထောင်နဲ့သူဖြစ်လာရင် ပြောင်းလဲလာနိုင်တယ် ဒါနဲ့ ခင်ကမျက်စိကျပြီးသားနဲ့ပေးစားချင်တဲ့သူရှိနေပြီလား"

YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
Romanceကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...