PART - ( 20 )

927 48 12
                                        

          Gabriel ကာကွယ်ရေးဝန်ကြီး Mike
Claes သေဆုံးပြီး ၁၅ ရက်အကြာဖြစ်သည်။

        ပြည်သူ‌လူထုအနေနှင့်လည်း လူသတ်
တရားခံ အပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း
လျော့ကျလာခဲ့သလို တိုင်းပြည်၏ အတော်
ဆုံးဟု ဆိုနိုင်သော မှော်အာရုံခံ ပညာရှင်များနှင့် အမှုအခင်းစုံစမ်းစစ်ဆေး‌ေရးမှ မှူးမတ်
အရာရှိများမှာလည်း လက်လျှော့ရလုနီးပါး
ဖြစ်နေပြီ ဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ ဒီတရားခံကပဲ
တော်လွန်းနေတာလား ..
သူတို့တွေကပဲ အညံ့လွန်သွားတာလား
တာတောင် မသိကြတော့။

Mike Claes ၏ ဇနီးဖြစ်သူမှာတော့ Claes
အိမ်တော်နှင့်အတူ ခင်ပွန်း၏ ဈာပနပွဲအား
သေချာ ပြင်ဆင်လုပ်ဆောင်‌ေပးခဲ့သည်။
အဲ့ဒီနောက်ပိုင်းမှာ‌ေတာ့ သူမဟာ အိမ်‌ေတာ်ထဲက‌နေ အိမ်‌ေတာ်အပြင်တောင် မထွက်နိုင်
တော့ပဲ ပူဆွေး‌ေသာက‌ ရောက်နေတုန်းပင်
ဖြစ်သည်။

       တစ်ဖက်က နန်းတော်ဘက်မှာလည်း
လစ်လပ်နေပြီ ဖြစ်သော ထိုကာကွယ်ရေး
ဝန်ကြီးနေရာအား အစားထိုးခန့်အပ်ရန်
လုပ်ဆောင်‌‌ေနကြဆဲ ဖြစ်သည်။ နန်းလျာ
မင်းသား Eric ၏ အကြံပေးတောင်းဆိုမှု
အရ လစ်လပ်‌‌ေနပြီ ဖြစ်သော ကာကွယ်‌ေရး
ဝန်ကြီး၏ တာဝန်ကိစ္စရပ်များအား မင်းသမီး
Freen က လက်ရှိယာယီ ထမ်းဆောင်ထား
‌ေပးမည် ဖြစ်သည်။

_
_

       နံနက်ခင်းအချိန် ၊ Gabriel နန်းတော်

       နန်းတော်အတွင်း ကျယ်ဝန်းစွာ တည်ရှိ
နေသည့် တော်ဝင်လေ့ကျင့်ရေးကွင်းထဲတွင်
နန်းလျာမင်းသား Eric Hansel Gabriel
တစ်ယောက် မြှားရေးလေ့ကျင့် နေခဲ့သည်။

      Eric သည် အာရုံစူးစိုက်စွာဖြင့် မြှားတံကို
ဆွဲထားရင်း ခဏအကြာမှာ ရွှတ်ခနဲ ပစ်လွှတ်
လိုက်သည်။ ‌

       မြှားအသွား လေကိုခွင်းသွားသည့်အသံ
နှင့်အတူ ပစ်မှတ်ဘုတ်ပြားပေါ်မှ ဘယ်နေရာ
မဆို ဒုတ်ခနဲ ထိုးစိုက်သွားသည်နှင့် လက်ခုပ်‌
များ တီး၍ အားပေးနေကြလျက် ရှိသည်မှာ
သူ၏ အခြွေအရံများပင် ဖြစ်သည်။

     သို့ပေမယ့်လည်း Eric ထိမှန်‌ေစချင်သည့်
အလယ်ဗဟိုပစ်မှတ်သည် မထိမှန်နိုင်သေးပဲ
ဘေးသို့ ‌ေချာ်ရောက်နေတုန်းပင် ဖြစ်သည်။
    
" ဟင်း .. အခုထိကို မထိနိုင်သေးပါလား .."

The Moon & Her Royal SunWhere stories live. Discover now