" နန်းလျာမင်းသမီးကို နန်းလျာစွန့်ခိုင်းတဲ့
ကိစ္စ ပြန်လည်စဉ်းစားစေချင်ပါတယ် ..
ဘုရင်ကြီး.. "ဘုရင် Alvin ရဲ့ အဆောင်ခန်းထဲအတွင်း
လာရောက်အခစားဝင်နေသူမှာ တစ်ခြားသူတော့ မဟုတ်။
နန်းလျာမင်းသမီးရဲ့ဆရာသမားဖြစ်သူ
Marlos Richard ဖြစ်သည်။ဘုရင် Alvin က စာရွက်စာတမ်းတစ်ချို့
ကို ထိုင်ကြည့်နေရင်း" ခင်ဗျားက သူမရဲ့ဆရာသမားဆိုတော့
ဒီကိစ္စကို သဘောမကျမှာ သိပါတယ်..
ဒါပေမယ့် သူမ ဘယ်လိုအပြစ်မျိုးကို
ကျူးလွန်ခဲ့တယ် ဆိုတာ ခင်ဗျားကို
ပြောပြပြီးသားပဲ.."" မှန်လှပါ.. ကျွန်တော်မျိုး နားထောင်ထား
ရမိသလောက်ကတော့ နန်းလျာမင်းသမီး
က ဘုရင်ကြီးကို ထိခိုက်စေလိုတဲ့ စိတ်မျိုး
မရှိခဲ့ပဲ ကလေးငယ်တစ်ယောက်ကို
ကယ်တင်ချင်ခဲ့တဲ့ ဖြူစင်တဲ့ စိတ်ထား
ရှိခဲ့တာပါပဲ.."ဘုရင် Alvin က ခပ်မဲ့မဲ့တစ်ချက်ပြုံးပြီး
ခေါင်းခါကာ" သူမ ကယ်ချင်ခဲ့တဲ့ ကလေးငယ်က
ကိုယ့်ခမည်းတော်ကို လုပ်ကြံဖို့
ကြံစည်ခဲ့တဲ့ သူရဲ့ သမီးလေ ..
သစ္စာဖောက်ရဲ့မျိုးဆက်ကို သူမက
အသက်ရှင်စေချင်နေတာလား ?..
သူမကို မွေးဖွားလာခဲ့စဉ်ကတည်းက
သာမန်သမီးတော်တစ်ပါး ဆိုတာမျိုးထက်
မြင့်မြတ်တဲ့ သူတစ်ယောက် အနေနဲ့ရော၊
အနာဂတ်ဘုရင်မလောင်းလျာ အနေနဲ့ရော
ငါကိုယ်တော် အကောင်းဆုံးတွေပဲ
သဘောထားပြီး ဆက်ဆံခဲ့တယ် ..
အဲ့ဒါကို အခု သူမ လုပ်ခဲ့တာ ကြည့်..ဒီလောက်ထိ စိတ်ခံစားချက်ကို ဦးစားပေး
ပြီး ကိုယ့်အန္တရာယ်တောင် ကိုယ်မမြင်နိုင်
ဖြစ်နေတဲ့ လူကို နန်းလျာရာထူးမှာ
ဘယ်လိုဆက်ထားရမှာလဲ .."ဘုရင်ကြီးကို နားချစကားပြောရသည်မှာ
အလွန်ခက်ပါသည်။ အထူးသဖြင့် အခုလိုအခြေအနေမျိုးမှာပေါ့..." ခင်ဗျား ဆက်ပြောနေအံုးမယ် ဆိုရင်
အခုထိ မလွှတ်ပေးရသေးတဲ့ ဝန်ကြီးချုပ်
Ryder နဲ့ သွားအဖော်ပြုနေရမယ်နော်.."

YOU ARE READING
The Moon & Her Royal Sun
Historical Fiction" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )