PART - ( 27 )

332 28 9
                                    

     ညမှောင်လာသည်အမျှ Gabriel မြို့ထဲရှိ
လမ်းသွားလမ်းလာများသည် နည်းသထက်
နည်းလာကြပြီ ဖြစ်သည်။ မြို့ထဲရှိ အိမ်တိုင်း
လိုလို၏ အိမ်ရှေ့ဘက်တွင် မီးအိမ်လေးများ
ချိတ်ဆွဲလို့ ထားကြပြီး မီးအိမ်အများဆုံး
ချိတ်ဆွဲထားသည်ဟု ပြောလို့ ရသည့်‌ေနရာ
မှာ ယနေ့မှ Roseanne နဲ့ Soo တို့ ရောက်လာ
ခဲ့ကြသည့် တည်းခိုအဆောင်ကြီး ဖြစ်သည်။
ယင်းသည် Gabriel မြို့တွင် အချက်အချာ
ကျကျဖြင့် ခန့်ခန့်ထည်ထည် တည်ရှိသော
တည်းခို‌ေဆာင် ဖြစ်သည်။

      Gabriel ကို အလည်အပတ် လာ‌ေရာက်
သူတစ်ချို့နဲ့ ငွေကြေး ပြည့်စုံသည့် သူများ
အများဆုံး လာအနားယူတတ်ကြသည့်နေရာ
ဖြစ်ပြီး မင်းသမီးတို့‌ေမာင်နှမက သူမတို့
ချစ်သူနှစ်ယောက်အတွက် Gabriel အတွင်း
မှာပဲ ခဏတာ နေစရာနေရာ ရှာပေးသည့်
အခါ ဒီနေရာ‌ေလးက ရွေးချယ်စရာ ဖြစ်ခဲ့ပံု
‌ေပါ်သည်။

မင်းသမီးတို့ မောင်နှမသည် တကယ်ပင်
ကျေးဇူးကြီးလှပါသည် ...
အထူးသဖြင့် နန်းလျာမင်းသား၏ သဘော
ထားကြီးမှုကို သူမ ‌ပို၍ကျေးဇူးတင်မိလေ
သည် ..

       Soo သည် အတွေးများစွာဖြင့် ထိုအထပ်
၃ ထပ် တည်းခိုဆောင်‌ရှိ သူမတို့ နေထိုင်ရာ
အခန်းမှ ဝရန်တာတန်း‌ေလးကို ကိုင်လျက်
မတ်တပ်ရပ်နေရင်း ညကောင်းကင်ယံထက်
သို့ ငေးမောနေခဲ့သည်။

_
_
_
_

" ဘာတွေတွေးနေတာလဲ .. Soo ..
   ဒီမှာ ရပ်နေတာ အရမ်းကြာနေပြီနော် .."

           ထိုအသံလေးနဲ့ အတူ အနောက်ကနေ
သူမ၏ ခါး‌ေလးကို ပွေ့ဖက်လာသူမှာ သူမ
ချစ်ရပါသော Roseanne ပင် ဖြစ်သည်။

   Soo က တစ်ခုခုကို ထသတိရသွားဟန်ဖြင့်

" အာ .. Roseanne ..
   အခုမှပဲ သတိရတယ် ..
   ရှင့်ခြေထောက် ရေနွေးစိမ်တာက.."

" ဪ အဲ့ဒါကိုယ့်ဘာသာ လုပ်ပြီးသွားပြီ .."

" အယ်.. ဟုတ်လား
   တကယ် တောင်းပန်ပါတယ်နော် ..
   Soo ဒီမှာ ရပ်ပြီး အတွေးများနေလို့
   လာလုပ်ပေးဖို့ မေ့သွားတာကြောင့်ပါ .."

     Soo က Roseanne ဘက်ကို လှည့်လာပြီး
ဆက်ပြောလိုက်သည်။

" Roseanne ညအိပ်ရာမဝင်ခင် တစ်ခုခု
   သောက်ချင်သေးလား.. နွားနို့ပူပူလေး
   လိုမျိုးလေ ..
   သောက်မယ်ဆိုရင် Soo ဒီက လူတွေဆီ
   ကနေ တောင်းကြည့်ပေးမယ်.."

The Moon & Her Royal SunWhere stories live. Discover now