PART - ( 28 )🔞

268 22 8
                                    

 " ဒီက တစ်ယောက် .. အဆင်ပြေရဲ့လား
    မသိဘူး .."

    Rebecca သည် သူမ ခေါင်းခြုံထားသည့်
ဝတ်ရုံနက်ကို အနောက်သို့ ချွတ်ကာ လှန်ပြီး
ဘာမှ ပြန်မပြောသေးပဲ ဝိုင်းစက်နေသော
အညိုရောင်‌ မျက်ဝန်းများဖြင့်သာ Mila ကို
မော့ကြည့်နေခဲ့သည်။

တစ်ဖက်က Mila ကတော့ Rebecca နဲ့
မတွေ့ရတော့သည်မှာ နှစ်တွေလည်း ကြာပြီ
မို့လို့ ထင်ပါတယ် ...
အတော်လေးလည်း အရွယ်ရောက်လာတဲ့ လူကြီးခန္ဓာကိုယ်‌ကြောင့် အပြင် Rebecca
က မျက်နှာပါ ဖံုးအုပ်ထားသည့် အတွက်
သူမ မမှတ်မိနေခဲ့ပါ။ 

" မိန်းကလေး ? .. ကျွန်မ မေးနေတာကို
   နားလည်ရဲ့လား.. "

    Mila က ထပ်မေးလာတော့ Rebecca ဟာ
သတိပြန်ဝင်လာဟန်ဖြင့် ခေါင်းညိတ်ပြပြီး

" ဪ.. ဟုတ်ကဲ့ .. နားလည်ပါတယ် "

     Rebecca ဟာ ပြန်ဖြေရင်း ထရပ်လိုက်
သည်။ Mila သည် သူမ တစ်ကိုယ်လံုးကို
သေချာကြည့်နေရင်း

" မိန်းကလေးက ဒီမှာ ဘာထိုင်လုပ်နေတာ
   လဲ .. ကိစ္စတစ်ခုခု ရှိလို့လား.. "

" အာ .. ဟို .. ဒီလိုပါ..
   ကျွန်မ ဟိုနားဒီနား လမ်းလျှောက်သွားရင်း
   ဒီအိမ်တော်ကြီးကို လှမ်းမြင်တော့ လှတယ်
   ခံစားရလို့ လာထိုင်ကြည့်နေခဲ့မိတာပါ.. "

       Mila ဟာ သူမရဲ့အပြောကို ကြားတော့
ထိုအိမ်တော်ကြီးဘက်ကို တစ်ချက်လှမ်းပြီး
ကြည့်လိုက်ကာ

"  မိန်းကလေးက ဒီလိုစကား ပြောပုံထောက်
    ရင်တော့ Gabriel တိုင်းပြည်ထဲက
    မဟုတ်လောက်ဘူးပဲ .."

" ဟုတ်ပါတယ် .. ကျွန်မက Gabriel က
   မဟုတ်ပဲ တစ်ခြားနေရာတစ်ခုက လာခဲ့
   တာပါ .."

        Mila က သဘောပေါက်သွားဟန်ဖြင့်
ခေါင်းလေး ညိတ်ကာ

" အင်း .. ဒီအိမ်တော်ဟောင်းက လက်ရှိမှာ
   ဘုရင့်ဘဏ္ဍာ‌ေတာ်အနေနဲ့ အသိမ်းခံ
   ထားရတာလေ..
   အကြောင်း သိထားကြတဲ့ လူတိုင်းကတော့
   ဒီအိမ်တော်ကြီးကို လှပတယ် လို့လည်း
   တွေးနိုင်ကြမှာ မဟုတ်သလို ဒီနားလည်း
   လာချင်ကြမှာ မဟုတ်ဘူး .."

The Moon & Her Royal SunWhere stories live. Discover now