အချိန်အားဖြင့်တော့ မနက် ၄ နာရီေကျာ်
အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပြီး Gabriel
တောအုပ်ထဲမှာ တစ်ယောက်ရဲ့လက်ကို
တစ်ယောက် ဆွဲကိုင်ပြီး ပြေးနေကြတဲ့
သူမတို့နှစ်ယောက်။Freen ဟာ သူမလက်ကို အနောက်ကနေ
ဆုတ်ကိုင်ပြီး အားမပါ တပါနဲ့ ပင်ပန်းတကြီး
ပြေးလိုက်နေရှာတဲ့ Bec ရဲ့လက်ကေလးကို
ခပ်တင်းတင်း ဆုတ်ကိုင်ထားမိသည်။Freen ခဏခဏလည်း အနောက်ကို လှည့်ကြည့်ရင်း
" ခဏလေး .. ခဏလေးပဲ သည်းခံေပးပါ..
ဒီနယ်နိမိတ်ကို ကျော်တာနဲ့ Bec လေးကို
ဘယ်သူမှ ဖမ်းလို့ မရတော့ဘူး ..Freen .. ကတိပေးပါတယ် .."
Bec လေးရဲ့ကျောမှာ စိုက်ဝင်နေတဲ့ မြှားကို
Freen ဆွဲနှုတ် ချိုးချပစ်ခဲ့ပြီး
ရသလောက်လေး အလင်းဓာတ်မှော်ပညာနဲ့
ကုသခဲ့ကြည့်သေးပေမယ့် အပြည့်အဝ
မအောင်မြင်ခဲ့...အဲ့ဒီအစား Mary ကို လုပ်ပေးခဲ့သလိုမျိုး
Bec လေး အရမ်းသွေးထွက်မလွန်အောင်ပဲ
တားပေးထားလို့ ရနိုင်ခဲ့သည်။တကယ်က Freen ကိုယ်တိုင်လည်း အားနည်းနေပြီ ဖြစ်ပြီး Bec ရဲ့မြှားဒဏ်ရာကို အရှင်းပျောက်အောင် ကုသေပးဖို့
နေနေသာသာ ကိုယ်ယောင်ေဖျာက်စွမ်းရည်
အတွက်တောင် မလုံလောက်မှု မရှိတော့ပါ...သူမရဲ့အလင်းဓာတ်မှော်ပညာကလည်း အချိန်တစ်ခုလောက် တိကျတဲ့ အနားယူမှု
မရှိသေးရင် အပြည့်အဝ သုံးနိုင်ဖို့က
ကြာအုံးမည် ဖြစ်သည်။Freen မှာ ပြေးရင်း အရေှ့ကို ကြည့်လိုက်
၊ အနောက်ကို လှည့်ကြည့်ကာ Bec လေးကို စကားပြောလိုက်နှင့်ပင်။တကယ်တမ်းတော့ သူမတို့တွေ Gabriel နယ်နိမိတ်ကို ကျော်လွန်ဖို့ ဘယ်လောက်မှ
မလိုတော့။
ဒီနှုန်းနဲ့ဆိုရင် မနက်အလင်းရောင် ရတာနဲ့
Gabriel နယ်နိမိတ်အဆံုးကို ရောက်လောက်မယ်လို့ ခန့်မှန်းထားပေမယ့်ပေါ့...Mary သာ ရှိနေခဲ့သေးရင်
ဒီလောက်ကြာမှာတော့ မဟုတ်ဘူး.._
_
_
_သစ်ပင်တစ်ပင်အနား အရောက်မှာတော့
Bec လေးဟာ Freen ခေါ်ရာကို မလိုက်နိုင်တော့ပဲ လဲကျသွားေတာ့သည်။
YOU ARE READING
The Moon & Her Royal Sun
Ficção Histórica" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )