Gabriel နန်းတော် ၊ ညစာတည်ခင်းချိန်
ခမ်းနာလှပတဲ့ တော်ဝင်ညစာစားပွဲခုံမှာ
မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ မင်းသမီး
Freen နဲ့ နန်းလျာမင်းသား Eric တို့က
ငြိမ်သက်နေကြပြီး ဘုရင်ကြီးကတော့
သူတို့နှစ်ယောက် အလယ်ကနေ စကား
အစချီလိုက်သည်။" ဒီကြားထဲ ကိစ္စရေးရာတွေ များနေခဲ့တာနဲ့
မိသားစုညစာ မစားဖြစ်တာ ကြာခဲ့ပြီ ..
ဒီနေ့မှာ နှစ်ယောက်လုံး မပျက်မကွက်
လာခဲ့ပေးတာ ခမည်းတော် ဝမ်းသာပါ
တယ် .."မင်းသမီး Freen က ခမည်းတော်ဘုရင်
ကြီးကို မဆိုသလောက်အပြုံးနဲ့ ပြန်တုံ့ပြန်
ပေမယ့် နန်းလျာမင်းသား Eric ကတော့ မျက်နှာတည်ေလးနဲ့သာ တိတ်ဆိတ်နေ
သည်။နောက်တော့ သားအဖ သုံးယောက်
ညစာ အတူစားနေကြရင်း" ဪ.. သားတော် Eric ..
လက်ရှိ သားတော် ဦးေဆာင်ထားတဲ့
ကုန်သွယ်ရေးဘက်က တိုးတက်မှုတွေ
ရှိလာတယ်လို့ ခမည်းတော် ကြားသိထား
ရတယ်နော် .."" ဟုတ်ပါတယ် .. ခမည်းတော်
သားတော်တစ်ဦးတည်းကြောင့်တော့
မဟုတ်ပါဘူး..
ကုန်သွယ်ရေးဝန်ကြီးက သူ့တာဝန်ကို
တစိုက်မတ်မတ် လုပ်ပေးတာလည်း
ပါပါတယ်..သားတော် ကတိပေးနိုင်ပါတယ်
မကြာခင် Gabriel တိုင်းပြည်မှာ အခုထက်
ပိုမိုဖြောင့်ဖြူးတဲ့ ကုန်သွယ်ရေးစနစ်ကို
ပိုင်ဆိုင်နိုင်ေတာ့မှာပါ.."" သားတော်ကို ယုံကြည်ထားပါတယ် "
ဘုရင်ကြီးက ပြုံးရင်း ပြောပြီး Freen
ဘက် လှည့်လာကာ" ဒါနဲ့ .. သမီးတော်ရော ဒီရက်ပိုင်း ဘာတွေ
လုပ်နေခဲ့သေးလဲ ?..
မနက်ပိုင်းကလည်း အစည်းအဝေးကို
မတတ်ရောက်ခဲ့ဘူးနော်.."" တောင်းပန်ပါတယ် .. ခမည်းတော်
သမီးတော် မနက်ပိုင်းက နေမကောင်းချင်
သလို ဖြစ်နေတော့ စိတ်ပြေလက်ပျောက်
ဖြစ်အောင် သခင်မလေး Roseanne ဆီ
သွားခဲ့တာပါ "" ဪ .. သမီးတော်က ဝန်ကြီးချုပ် Ryder
ရဲ့သမီးကို တော်တော်ခင်တွယ်တာပဲ "

YOU ARE READING
The Moon & Her Royal Sun
Fiksi Sejarah" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )