PART - ( 23 ) 🔞

1.6K 55 11
                                    

          Gabriel သမိုင်းပြတိုက်သည် ဒုတိယ
နန်းတော်ဟု ခေါ်ရလောက်အောင် ကျယ်ဝန်း
ပြီး ပုံမှန်အားဖြင့် တိတ်လည်း တိတ်ဆိတ်လှသည်။ သို့သော် သမိုင်းပြတိုက်ထဲ လျင်မြန်
ပျော်ရွှင်သော ခြေလှမ်းများဖြင့် တစ်နေရာ
ဆီသို့ ဦးတည်သူ ၂ ယောက် ရှိ‌ေနသည်။

        Freen သည် Rebecca ကို ဘယ်လက်
လက်ကောက်ဝတ်ကနေ အသာလေး ဆွဲခေါ်
လာသည်။ အသာတကြည် လိုက်ပါလာခဲ့သူ
Rebecca ကလည်း သူမ ချစ်ရသော Freen
အား မည်သူ့ကိုမှ မကြည့်ဖူးသည့် ပြုံးရွှင်နေ
သော မျက်နှာလေးဖြင့်သာ ကြည့်နေခဲ့သည်။
မကြာခင် အချိန်တွင် Freen ပြောခဲ့သည့်
သမိုင်းပြတိုက် အတွင်းမှ တော်ဝင်နားနေခန်း
‌ေရှ့ကို ရောက်လာခဲ့သည်။

_
_

       Freen သည် ရွှေရောင် ‌ေဘာင်ကွပ်ထား
သည့် ထိုအခန်းတံခါးကို တွန်းဖွင့်ပြီးနောက် အထဲကိုလည်း စစ်ဆေး‌ေနသည်။ စားပွဲဝိုင်း
လေးတစ်ခု‌ေပါ်တွင် စတော်ဘယ်ရီခြင်းလေး
ကို တင်ထားလိုက်ပြီး အခန်းတွင်းရှိ အသင့်
ထွန်း ဖယောင်းတိုင်များအား မီးခြစ်ဆံဖြင့်
ထွန်းညှိ‌ေနလိုက်‌သည်။

       ဖြည်းဖြည်းချင်း အလင်းရောင် လွှမ်းမိုး
လာသည့် ထိုအခန်း‌ေလးသည် ပုံမှန်ဆိုလည်း
Gabriel တော်ဝင်မိသားစု လာရောက်သည့်
အခါမှသာ အဝင်အထွက် ရှိတာကြောင့်
ယခုအချိန်တွင် မည်သူမှ မရှိနေခဲ့ပါ။

      တစ်ဖက်က Freen ဟာ သူမ လုပ်စရာရှိ
တာတွေကို ပြင်ဆင်လုပ်နေခဲ့သလို Rebecca
ကတော့ အခန်းထဲရှိ အဆောင်အယောင်တွေ
ကို သေချာလိုက်ကြည့်လို့ နေပြီး နန်းတော်ထဲ
က နန်းဆောင်ခန်းတွေနှင့် မခြားနားအောင်
သေချာပြင်ဆင်ထားသည်ကို တွေ့ရသည်။

          အထူးသဖြင့် Rebecca ၏ အရှေ့နား
အလိုတွင် မကြာခင်က Freen ပြောခဲ့သည့်
အနီရောင်ကတ္တီပါအသား ကုလားထိုင်ခုံရှည်
ရှိနေခဲ့သည်။

" ဒါလား ..
   အချစ် ပြောတဲ့ ကုလားထိုင်က ? .. "

     အခန်းစစ်ဆေးမှု ပြီးသွားတဲ့ Freen ဟာ
တစ်ဆက်တည်းမှာပဲ အခန်းတံခါးကို Lock
ချလိုက်ပြီး Rebecca ဆီကို ဦးတည်လာခဲ့
သည်။

The Moon & Her Royal SunWhere stories live. Discover now