60-ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု

24 1 0
                                    

|| ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု [ အပိုင်း ၁ ] ||

အဲဒီအချိန် ရှဲ့လျန်နောက်မှာ ဒူးထောက်ထားတဲ့ ဖုန်းရှင့်က ယတိပြတ်ဝင်ပြောတယ် ။

" အရှင့်သားက ပြီးခဲ့တဲ့ ရက်ကတည်းက အသေအချာ ပြောကြားခဲ့ပါတယ် !"

အားလုံးရဲ့ မျက်လုံးအစုံတွေဟာ ဖုန်းရှင့်ပေါ်ကို ကျရောက်ကုန်တယ် ။ သူက ဆက်ပြောတယ် ။

" အခုတလော ကောင်းကင်ဘုံလှည့်လည်ပွဲအတွက် အရှင့်သားက တော်တော်လေး အာရုံနှစ်ထားခဲ့တာပါ... လှည့်လည်ပွဲအတွင်း ကျန်တဲ့ အစီအစဉ်တွေကို မပြောင်းလဲပဲနဲ့ တကယ့် နတ်မင်းတစ်ပါး ဆင်းသက်လာဟန်မျိုး သရုပ်ပြဖို့အတွက် ခံတပ်မျှော်စင်ပေါ်ကနေ ခုန်ချမယ် ဆိုတဲ့ သာမန်ထက်ထူးခြားတဲ့ အကြံတစ်ခုကို မနေ့ကပဲ သူရုတ်တရက် ရလာပါတယ်... အဲဒီအချိန်မှာ အရှင့်သားက အစမ်းလေ့ကျင့်မှုတွေ လုပ်နေဆဲ အချိန်ဖြစ်တာကြောင့် သူထွက်ခွာလို့မရပါဘူး... ဒါကြောင့် သူက မုချင်ကို စေလွှတ်ပြီး ပုရောဟိတ်ကြီးဆီက ခွင့်ပြုချက်တောင်းခံခိုင်းခဲ့ပါတယ် !"

သူခေါင်းမော့လိုက်ချိန် သူ့ရဲ့ မျက်လုံးတွေထဲမှာ ဒေါသအရိပ်အရောင်တွေ သိသိသာသာကို မြင်နေရတယ် ။

" မုချင်ပြန်လာတဲ့အခါ ပုရောဟိတ်ကြီးကို အကြောင်းကြားခဲ့ပြီးပြီဖြစ်ကြောင်း အရှင့်သားကို ပြောပါတယ်.. ဒါကြောင့် အရှင့်သားက ခွင့်ပြုချက်ရပြီ အထင်နဲ့ ဒီကနေ့ သရုပ်ပြမှုကိုပြုလုပ်ခဲ့တာပါ.. ဒါကို ဘယ်လိုလုပ်ပြီး ပုရောဟိတ်ကြီးက ဘာမှမသိပဲ ဖြစ်နေပြီး လှည့်လည်ပွဲတောင် ပျက်တော့မလို ဖြစ်ရတာလဲ ?"

ကျင့်ကြံသူအားလုံးဟာ အချင်းချင်းတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ် ။ ပုရောဟိတ်ကြီးက မေးတယ် ။

" ဒီကိစ္စကို ဘယ်သူသိလဲ?"

အခြားသော လက်ထောက်ပုရောဟိတ်တွေက ခေါင်းခါကြပြီး သူတို့ဘာမှ မသိကြောင်း ငြင်းဆိုကြတယ် ။ ပုရောဟိတ်ကြီးဟာ မုချင်ဖက်လှည့်လာတယ် ။ သူ့ရဲ့ မျက်နှာပေါ်က မှုန်မှိုင်းမှိုင်းအမူအရာဟာ အခုတော့ ဒေါသထွက်ဟန် ပီပီပြင်ပြင်ဖြစ်လာပြီး ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Wo Geschichten leben. Entdecke jetzt