63-ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု

19 1 0
                                    

|| ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု [ အပိုင်း ၄ ] ||

ရှဲ့လျန် စိတ်ဝင်စားသွားတယ် ။

" ဘာကြောင့် သားတော်သောက်လို့မရတာလဲ ?"

မိဖုရားကြီးဟာ ကျောက်စိမ်းခွက်ငယ်လေးကို သူ့ဆီကနေလှမ်းယူလိုက်ပြီး အထဲက အရည်အနည်းငယ်ကို သူမရဲ့ လက်ကိုင်ပဝါပေါ် စွတ်လိုက်ကာ သူမရဲ့မျက်နှာပေါ် အကြိမ်အနည်းငယ်လောက် အသာအယာ ဖိတို့လိုက်တယ် ။

" ထိုက်ချောင်းတောင်က တလောလေးကပဲ လတ်ဆတ်တဲ့ သစ်သီးတွေ ပို့လိုက်တယ်လေ.. မယ်တော်က ချယ်ရီသီးမကြိုက်ပေမဲ့ သူ့ကို အနှစ်လုပ်ပြီး မျက်နှာပေါင်းတင်ဖို့ သုံးလို့ရတယ်ဆိုလို့ နည်းနည်းလုပ်ပြီး စမ်းကြည့်နေတာ.. အများကြီးသုံးစရာမလိုဘူးဆိုတော့ အခုပဲ သွန်ပစ်တော့မလို့ ဒါကြောင့် သားတော်သောက်လို့မရဘူးလို့ပြောတာ !"

ရှဲ့လျန်က ခပ်ပြုံးပြုံးနဲ့ပဲ နားထောင်နေရင်းက တစ်နေ့က ကိစ္စကို သူရုတ်တရက် ပြန်အမှတ်ရမိသွားတယ် ။ မုချင်ရဲ့ မိခင်ဟာ တစ်နှစ်တစ်ခါလောက် ချယ်ရီသီးစားနိုင်ဖို့ မလွယ်ကူခဲ့သလို မုချင်ကိုယ်တိုင်ဟာလည်း အနည်းငယ်မျှ ခူးယူမိတာကို အနိုင်ကျင့်ခံခဲ့ရသေးတယ် ။ ဒါက သိပ်ကို ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတစ်ခုဖြစ်တာကြောင့် မုချင်အနေနဲ့ ဒါမျိုးကို နားထောင်နေရတာ အဆင်မပြေဖြစ်နိုင်လောက်တယ်လို့ ရှဲ့လျန်စိုးရိမ်မိတယ် ။ ဒါနဲ့ သူပြုံးရင်း စကားလွှဲလိုက်တယ် ။

" ဒါဆို သားတော်စားစရာ ဘာရှိလဲ ?"

မိဖုရားကြီးက သဘောတကျရယ်မောလိုက်ရင်းပြောတယ် ။

" ကြည့် ပြောပုံက တခြားသူတွေကြားရင် ဒီမယ်တော်က အငတ်ထားတယ်လို့ ထင်နေရော့မယ်.. ဒါပေမဲ့ ငယ်ငယ်ကတည်းက အတော်အစားရွေးတဲ့ ဒီကလေးကို မယ်တော်မယ် ဘယ်လိုမှ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်အောင် ကျွေးမရနိုင်ခဲ့ဘူး.. တောင်ပေါ်သွားပြီးကတည်းက သားတော် တော်တော်လေးပိန်သွားတာ.. ဒီနေ့တော့ မယ်တော်ကျွေးတာ အကုန်စားရမယ် ချေးမများရဘူး ဒါပဲ !"

သားအမိနှစ်ယောက် တစ်ခဏမျှ စကားစမြီပြောကြပြီးနောက် မိဖုရားကြီးက ကောင်းကင်ဘုံ ပူဇော်လှည့်လည်ပွဲနေ့က ကိစ္စကို ပြောရင်း စိုးရိမ်ပူပန်စွာနဲ့ မေးတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Donde viven las historias. Descúbrelo ahora