64-ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု

15 1 0
                                    

|| ဒေါသစိတ်မွှန်စေရန် မရည်ရွယ်ခဲ့သော ပုလဲနီပျောက်ဆုံးမှု [ အပိုင်း ၅] ||

ရှဲ့လျန်က ချော့မော့လိုက်တယ် ။

" မကြောက်ပါနဲ့ ! ငါမင်းကို ဘာမှ မလုပ်ပါဘူး ! မင်းဒဏ်ရာတွေကို ကြည့်ပေးမလို့ပါ!"

ဒါပေမဲ့ ကလေးငယ်က သူ့ခေါင်းကို အတင်းအုပ်ထားပြီး မျက်ဆံနက်နက်နဲ့ မျက်လုံးလေးတစ်လုံးသာ ထုတ်ဖော်ထားကာ ထိတ်လန့် တုန်လှုပ်နေတဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတယ် ။ ဒါပေမဲ့ အဲဒီ ထိတ်လန့် တုန်လှုပ်မှုဟာ သူအရိုက်နှက်ခံရမှာကို ကြောက်ရွံ့တာမျိုးနဲ့ မတူဘဲ တခြား တစ်စုံတစ်ရာကို တွေ့ရှိသိမြင်သွားမှာကို စိုးရိမ်နေဟန်တူတယ် ။

အဲဒီမျက်လုံးလေးတစ်လုံးနဲ့ မျက်နှာလေးတစ်စွန်းတစ်စကို ကြည့်ရင်း ဒီကလေးကို သူ တစ်နေရာရာမှာ တွေ့ခဲ့ဘူးသလိုလိုပဲလို့ ရုတ်တရက် တွေးမိပြီး ရှဲ့လျန်ရဲ့ မျက်လုံးတွေ မှေးကျဉ်းသွားမိတယ် ။ ချီရုံက သူ့ရဲ့ အင်မတန် မကြည်မလင်ဖြစ်နေတဲ့ အမူအရာကို ကြည့်ရင်း ရှင်းပြတယ် ။

" ဝမ်းကွဲနောင်တော် အိမ်ရှေ့စံ ! အဲဒီမသေမျိုးလေးက တစ်နေ့က သင့်ရဲ့ ကြီးကျယ်လှတဲ့ အခမ်းအနားကို ပျက်အောင်လုပ်ခဲ့တာ ဒါကြောင့် ကျွန်တော်က သင် အမျက်ပြေရအောင်ကူလုပ်ပေးတာ ! စိတ်မပူပါနဲ့ ကျွန်တော် ဂရုစိုက်ပါတယ် ! သူမသေနိုင်ပါဘူး !"

အသေအချာပဲ ။ သူ့လက်ထဲ ပွေ့ထားတဲ့ ဒီကလေးဟာ ကောင်းကင်ဘုံ နတ်ဘုရားတွေကို လှည့်လည်ပူဇော်တဲ့ ရှန့်ယွမ်ပွဲတော်နေ့က ခံတပ်တံတိုင်းပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကလေးပဲ ။

ရှဲ့လျန်သူ့ကို ရင်းနှီးသလို ခံစားရတာ အံ့ဩစရာမဟုတ်တော့ ။ ဒီကလေးလေးဟာ မပြောင်းမလဲ အဲဒီတစ်နေ့က ဝတ်ထားတဲ့ အဝတ်အစားနဲ့ပဲ ။ ဒါပေမဲ့ ရိုက်နှက်ကန်ကျောက် တရွတ်ဆွဲ ခံထားရတာကြောင့် အရင်နဲ့ မတူ ပိုပြီး ညစ်ပတ်စုတ်ပြတ်နေကာ တစ်ယောက်တည်းလို့တောင် မထင်ရတော့ဘူး ။ ရှဲ့လျန်ဟာ သူ့ဒေါသတွေကို ထိန်းချုပ်မထားနိုင်တော့ဘဲ အော်ဟစ်လိုက်တယ် ။

" ငါ အမျက်ထွက်နေတယ်လို့ ဘယ်သူပြောလဲ !!!!????? ဒီကလေးနဲ့ ဘာဆိုင်လို့လဲ ? သူအပြစ်မှ မဟုတ်တာပဲ!!!!"

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Tempat cerita menjadi hidup. Temukan sekarang