87-ရွှေရုပ်ထုတော်ကမိုးပြိုမှာကိုတားဆီးရန်အားသွန်ခွန်စိုက်ကြိုးပမ်းအားထုတ်ခြင်း

22 2 0
                                    

|| ရွှေရုပ်ထုတော်က မိုးပြိုမှာကို တားဆီးရန်အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခြင်း ||

ရှဲ့လျန်ဟာ ယမ်းပုံမီးကျ ဒေါသထွက်တာထက်ကို လွန်သွားခဲ့ပြီ ။ ထိုသူရဲ့ရင်ဘတ်မှာ စူးဝင်နေတဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး နောက်တစ်ကြိမ်ထပ် ထပ်ထိုးစိုက်တော့မဲ့ ဆဲဆဲ ဓားသွားပေါ်မှာ သွေးစသွေးန မရှိတာကို သူသတိထားမိလိုက်တယ် ။ ချက်ချင်းပဲ သူနားလည်လိုက်ပြီး ဓားသွားရဲ့ လမ်းကြောင်းကို ပြောင်းလိုက်ကာ အဖြူရောင် ဝတ်ရုံနဲ့ လူငယ်ရဲ့ ခေါင်းကို ဖြတ်ချလိုက်တယ် ။ ခေါင်းဖြတ်မှုက မြန်ဆန်လွန်းပြီး ခေါင်းနဲ့ ခန္ဓာကိုယ်ဟာ သီးခြားဆီဖြစ်သွားတဲ့အခါ နှစ်ခုလုံးဟာ ရှုံ့တွ ပေလိတ်သွားပြီး အရေခွံအပုံတစ်ခု ဖြစ်လို့သွားတယ် ။

အဲဒီ ခန္ဓာဟာ ကိုယ်ထည်ခွံအလွတ်တစ်ခုပဲ !

နှစ်ကြိမ်တိုင်တိုင် ဒီအရာနဲ့ တွေ့ခဲ့တိုင်း သူဟာ ကိုယ်ထည်အတုကို အသုံးပြုခဲ့ပြီး သူ့ကို တစ်ကြိမ်တစ်ခါမှ အသွင်အစစ်အမှန်ကို မပြခဲ့ဘူး ။ မအံ့သြမိပေမဲ့ ရှဲ့လျန်ဟာ မကျေမချမ်းနိုင်တဲ့ ဒေါသတွေ အပြည့်အသိပ်ဖြစ်နေသေးတာကြောင့် သူ့ရဲ့ ဒေါသက ဓားကနေတဆင့် တလူလူထွက်နေပြီး အဲဒီ ပျော့ဖတ် တွဲလောင်းကျနေတဲ့ ခေါင်းပြတ်နဲ့ ကိုယ်ခန္ဓာကို အပိုင်းပိုင်း အစိတ်စိတ် ထိုးခွဲနေတယ် ။ ဒါနဲ့တောင် သူဟာ စိတ်သက်သာရာ မရနိုင်သေးဘူး ။ ဖုန်းရှင့်ဟာ ဆက်ကြည့်မနေနိုင်တော့ဘဲ သူ့ကို ရပ်တန့်ဖို့ ကြိုးစားတယ် ။

" အရှင့်သား ! အဲဒါ ကိုယ်ထည်အခွံလွတ်တစ်ခုပဲပါ"

သို့ပေမဲ့ အဲဒီ ကိုယ်ထည်ခွံအလွတ်ဟာ ရှဲ့လျန်ရဲ့ ငယ်ငယ်က ပုံစံအတိုင်း လုံးဝ တစ်ထပ်တည်း အတိအကျ ဖြစ်တာကြောင့် ရှဲ့လျန်ဟာ သူ့ကိုယ်သူ ကိုယ်လက်အင်္ဂါတွေ ရက်စက်စွာ လှီးဖြတ်တောက် ခုတ်ထစ်နေသလို ထင်ရပြီး စိတ်မချမ်းမြေ့စရာမြင်ကွင်းမျိုးကို ဆေးစက်ထင် ရေးဆွဲပြနေသလိုပဲ ။ ရှဲ့လျန်ဟာ အကြိမ်ပေါင်းများစွာ အသက်ကို ပြင်းပြင်းရှုထုတ်ရင်း ဓားကို နံဘေးပစ်လိုက်ပြီး မြေကြီးပေါ်ထိုင်ချလိုက်ပြီး ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ