86-ပုယိုး တောအုပ်မြေပေါ်မှ လူမျက်နှာကပ်ရောဂါ ရုတ်တရက်ဖြစ်ပွားခြင်း

10 2 0
                                    

|| ပုယိုး တောအုပ်မြေပေါ်မှ လူမျက်နှာကပ်ရောဂါ ရုတ်တရက်ဖြစ်ပွားခြင်း [ အပိုင်း ၃ ] ||

" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

အစက အဲဒီလူငယ်ဟာ အသိစိတ် ဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေခဲ့ပေမဲ့ ရှဲ့လျန်က သူ့ခြေထောက်ကို ဖြတ်ပစ်လိုက်ပြီးတဲ့နောက်မှာ သူဟာ ဆတ်ခနဲ နိုးကြားလာပြီး အရူးအမူးအော်ဟစ်တော့တယ် ။

" ကျုပ်ခြေထောက် !!!! ကျုပ်ခြေထောက် !!!!!"

ရှဲ့လျန်က သွေးတွေအိုင်ထွန်းနေတဲ့ထဲ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်တယ် ။ သူ့ရဲ့ အဖြူလွလွဝတ်ရုံဟာ စွန်းထင်း ညစ်ထေးကုန်ပေမဲ့ သူဟာ ထိုသူကို သေသေချာချာ ထိန်းပေးထားပြီးပြောတယ် ။

" ဘာမှ မဖြစ်တော့ဘူး ! သမားတော် သူ့ကို သွေးတိတ်အောင်လုပ်ပေးပါဦး !!"

အနားရှိနေတဲ့ သမားတော်တွေဟာ ပြာယာခတ်နေကြပြီး သူတို့ဟာသူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြဘူး ။ မုချင်က ဆက်ကြည့်မနေနိုင်တော့ဘဲ ရှေ့တိုးလာကာ ပြောတယ် ။

" သင် ပြာယာခတ်မနေနဲ့ "

သူက အနားရောက်လာပြီး ဆေးပုလင်းငယ်လေးတစ်ခုကို ဆွဲထုတ်လိုက်တယ် ။ ပုလင်းထဲက ခပ်ဖျော့ဖျော့ အခိုးအငွေ့တစ်ခု ယိုစိမ့်ထွက်လာပြီး သွေးထွက်နေတာဟာ တဖြည်းဖြည်းရပ်သွားတယ် ။ ရှဲ့လျန်ကလည်း ထိုလူငယ်ရဲ့ ဒဏ်ရာကို ဝိညာဉ်စွမ်းအား အငွေ့အသက်နဲ့ ရစ်ပတ်လွှမ်းခြုံပေးထားတယ် ။ ဖြတ်တောက်ပစ်လိုက်တဲ့ ခြေထောက်ကတော့ မြေကြီးပေါ်မှာ သူဟာသူ ထီးထီး လဲကျနေတယ် ။ ရုတ်တရက်ဆိုသလို အဲဒီခြေထောက်ဟာ တုန်ယင်လာတယ် ။ ခန္ဓာကိုယ်ကနေ ဖြတ်ထုတ်ပစ်လိုက်ပြီးတာတောင်မှာ သက်ရှိ သတ္တဝါတစ်ကောင်လို ဆက်ပြီး လူးလွန့်နေသေးတယ် ။ ရှဲ့လျန်က သူ့လက်ကို မြှောက်လိုက်တဲ့အခါ မီးတောက်တစ်ခု ဟုန်းခနဲ တောက်လောင်လာပြီး အဲဒီခြေထောက်ဟာ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးထဲမှာ မဲနက်နေတဲ့ မီးသွေးတုံးအဖြစ် လောင်ကျွမ်းပြာဖြစ်သွားတယ် ။ ထိုလူငယ်ဟာ အော်မြည်တမ်းတော့တယ် ။

" ငါ့ခြေထောက် !!"

ရှဲ့လျန်က ထိုသူရဲ့ ခါးဘေးကို စစ်ဆေးကြည့်လိုက်တယ် ။ လူမျက်နှာရောဂါဟာ ဆက်ပြီး အခြေအနေပိုဆိုး ကူးစက်မလာတာကို တွေ့လိုက်ရတဲ့အခါ သူမျက်လုံးတွေ ဝင်းပသွားပြီး ဝမ်းမြောက်စွာနဲ့ ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Место, где живут истории. Откройте их для себя