69-အလှူငွေတွေကို ဆယ်ယူတဲ့ တောသားလူရိုင်း နဲ့ အိမ်ရှေ့စံ တွေ့ဆုံခြင်း

23 1 0
                                    

|| အလှူငွေတွေကို ဆယ်ယူတဲ့ တောသားလူရိုင်း နဲ့ အိမ်ရှေ့စံ တွေ့ဆုံခြင်း ||

" ဖွင့် ___!"

ကျယ်လောင် မာန်ပါ တက်ကြွတဲ့ အသံနဲ့အတူ ဧရာမ အနီရောင် ဖောင်းကြွပိုးဖဲစကြီးဟာ မြေပေါ်ကို ပုံကျလာတယ် ။ သောင်းသောင်းညံတဲ့ သြဘာပေးသံတွေဟာ အရာ အထောင်ချီတဲ့ လူအုပ်ဆီကနေ ပေါက်ကွဲထွက်လာတော့တယ် ။

ဒါဟာ အိမ်ရှေ့စံရဲ့ ရွှေဝါရောင် နတ်မင်းရုပ်တုတော် တစ်ဆူ ဖြစ်တယ် ။ လက်တစ်ဖက်မှာ ဓားရှည်ကို ကိုင်စွဲထားပြီး ကျန်လက်တစ်ဖက်မှာ ပန်းတစ်ပွင့်နဲ့ " ကမ္ဘာအဆုံးတိုင်အောင် စွမ်းအားကြီးပေမဲ့ ပန်းလိုနူးညံ့တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်" ဆိုတဲ့ အမှတ်သညာပဲ ဖြစ်တယ် ။ ရုပ်တုရဲ့ မျက်နှာတော်ဟာ နူးညံ့ပြီး လှပတယ် ။ ရှည်လျားတဲ့ မျက်ခုံးတစ်စုံနဲ့ ကျော့ရှင်းခံညားပြီး ပါးလွှာတဲ့ နှုတ်ခမ်းတွေဟာ ပြတ်သားစွာ အနည်းငယ်ကွေးညွှတ်နေတာကြောင့် ပြုံးနေသယောင်ယောင်နဲ့ ။ ကြင်နာတတ်တဲ့ သွင်ပြင်ပေမဲ့ မြူဆွယ်တတ်တဲ့ ပြီတီတီမျက်နှာမျိုးမဟုတ် ၊ မာထန် သန်မာတဲ့ သွင်ပြင်ရှိပေမဲ့ နှလုံးသားမဲ့ ရက်စက်တဲ့ သွင်ပြင်မဟုတ် ။ မျက်နှာတော်ဟာ မေတ္တာဂရုဏာ တရားကြီးမားပြီး ချောမောခန့်ညားတဲ့ သွင်ပြင် ဖြစ်တယ် ။

ဒီဘုရားကျောင်း နတ်ကွန်းဟာ ရှန်းလာ့ပြည်အတွင်း ရှစ်ထောင်မြောက်သော အိမ်ရှေ့စံရဲ့ နတ်ကွန်းပဲ ။

နတ်ပြည်ကို တက်လှမ်းခဲ့ပြီး သုံးနှစ်အကြာမှာ သူ့ရဲ့ အမည်နာမတော်နဲ့ ဘုရားကျောင်း နတ်ကွန်းပေါင်း ရှစ်ထောင် တည်ထားခဲ့တယ် ။ ဤကဲ့သို့ ပြင်းပြထက်သန်တဲ့ ပူဇော်ကိုးကွယ်မှုမျိုးကို သမိုင်းတစ်လျှောက် မမြင်ခဲ့ဘူး မရှိဘူးခဲ့သလို နောင်အနာဂတ်မှာလည်း ထပ်မရှိနိုင်တော့လောက်ဘူး ။ ဒီတစ်ဦးတစ်ယောက် သာလျှင် ဖြစ်ပြီး ဒုတိယလူ မရှိနိုင်တော့ ။

သို့သော်လည်း ဒီရှစ်ထောင်မြောက် နတ်ကွန်းက နတ်ရုပ်တုတော်ဟာ အသရေ အတင့်တယ်ဆုံးသော အိမ်ရှေ့စံနတ်ရုပ်တု မဟုတ်သေးဘူး ။ ထိုက်ချောင်းတောင်ထိပ်မှာ အိမ်ရှေ့စံ ငယ်ရွယ်စဉ်ကာလတုန်းက လေ့ကျင့် ကျင့်ကြံခဲ့စဉ် နေထိုင်ခဲ့တဲ့ တောင်ထွတ်ကို ယနေ့အခါ " အိမ်ရှေ့စံတောင်ထွတ်" လို့ ပြောင်းလဲ အမည်ပေးလိုက်ပြီ ။ အဲဒီနေရာဟာ ပထမဆုံး ရှန်းလာ့ နန်းဆောင်တည်ဆောက်ထားခဲ့တဲ့ နေရာဖြစ်တယ် ။ အိမ်ရှေ့စံရဲ့ ပထမဆုံးသော နတ်မင်းရုပ်တုတော်ကို ထုဆစ်သွန်းလုပ်ပြီးခဲ့စဉ်က အဲဒီနေရာမှာပဲ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ဖွင့်လှစ်ပေးခဲ့တယ် ။ အဲဒီ အိမ်ရှေ့စံ နတ်မင်းရုပ်တုတော်ဟာ ငါးကျန့် ( ဆယ့်ခြောက်မီတာကျော်) မြင့်ပြီး လက်ရာဟာလည်း ထိပ်တန်း အကျော်ဇေယျ လက်ရာမွန်ပဲ ။ ရုပ်တုတော်ကို သန့်စင်တဲ့ ရွှေအစစ်နဲ့ သွန်းလောင်းထုဆစ်ထားတာကြောင့် အမှန်တကယ်ပင် အဖိုးအနဂ္ဂထိုက်တဲ့ ရွှေကိုယ်တော် တစ်ဆူဖြစ်တယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Donde viven las historias. Descúbrelo ahora