88-ဘယ်တော့မှ မမေ့ဘူး ၊ ဘယ်တော့မှ မမေ့ဘူး

28 2 0
                                    

|| ဘယ်တော့မှ မမေ့ဘူး ၊ ဘယ်တော့မှ မမေ့ဘူး ||

ဒါဟာ ပြည်သူတွေ သူ့အတွက် ထုလုပ်ပေးခဲ့တဲ့ ပထမဆုံး နတ်ရုပ်ထုတော် ဖြစ်ပြီး အံ့ချီးလောက်အောင် အခမ်းနားဆုံးသော နတ်ရုပ်ထုတော်ပဲ ။

အတိတ်တုန်းကသာ သူ့ကိုယ်သူ အဲဒီပုံစံမျိုးနဲ့ မြင်မိခဲ့ရင် ရှဲ့လျန်ဟာ ပြဿနာတစ်စုံတစ်ရာ ရှိနေတယ်လို့ တွေးတောမိမှာ မဟုတ်ဘဲ အလွယ်တကူ အသာအယာ လက်ခံလိုက်မိမှာပဲ ။ ဒါပေမဲ့ အခုအချိန် တဒင်္ဂလေးမှာ အဲဒီ ရွှေရောင်တဖိတ်ဖိတ်လက် ပြိုးပြက်နေတဲ့ ဧရာမရုပ်ထုတော်ကြီးဟာ မရင်းနှီးဘဲ သူစိမ်းတစ်ရံဆံလွန်းလှပြီး စိတ်ထဲ ထိန်းချုပ်မထားနိုင်ဘဲ တွေးလိုက်မိတယ် ။

[ ဒါ တကယ်ပဲ ငါလား ? ]

တစ်ဖက်မှာတော့ ဖုန်းရှင့်နဲ့ မုချင်တို့ဟာ တစ်ယောက်တစ်နေရာ သီးခြားစီခွဲသွားကြရင်း ရှာမတွေ့ဘဲ ပိတ်မိနေသူတွေ ကျန်ရှိမရှိ စစ်ဆေးနေကြတယ် ။ ရင်တွင်းမှာ ဖြစ်ပေါ်လာတဲ့ မရေမရာရှုပ်ထွေးမှု အရိပ်အရောင်လေးဟာလည်း လျှင်မြန်စွာပဲ လွင့်ပြယ်သွားပြီး လူအုပ်ဟာ နေရာတကျဖြစ်သွားတာကို ကြည့်ရင်း ရှဲ့လျန်တစ်ယောက် စိတ်သက်သာရာရစွာ နဲ့ သက်ပြင်းချလိုက်မိတယ် ။

ဒါပေမဲ့ အဲဒီထွက်သက်ကလေး ပြည့်ပြည့်ဝဝ ရှုမထုတ်ရသေးခင် ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ပေါ်မှာ လေးလံလွန်းတဲ့ အလေးချိန်တစ်ခုကို ခံစားလိုက်ရပြီး နှလုံးသားတစ်ခုလုံး တင်းကျပ်သွားတယ် ။

မည်သို့ပင် ဆိုစေကာမူ အဲဒီ ကောင်းကင်ပုထိုးတော်ကြီးဟာ မြင့်လည်းမြင့် လေးလည်း လေးလွန်းတာ အမှန်ပဲ !

နတ်ရုပ်ထုတော်ကြီးဟာလည်း ဝန်ကို အားသွန်ခွန်စိုက်ထမ်းထားရပုံပေါ်တယ် ။ သူ့ရဲ့ လက်နှစ်ဖက်ဟာ အနည်းငယ် တုန်ယင်နေပြီး သူ့ခြေထောက်အစုံဟာ မြေကြီးထဲ နစ်ဝင်သွားကာ ကြီးမားလွန်းတဲ့ ရွှေကိုယ်တော်ဟာလည်း ဖိအားကြောင့် အနည်းငယ်ကွေးညွှတ်လာတယ် ။ မျက်နှာပေါ်က အပြုံးတစ်ခုတည်းသာလျှင် မပြောင်းမလဲ ရှိနေခဲ့တယ် ။ ဒါကို မြင်တော့ ရှဲ့လျန်ဟာ နောက်ထပ် မန္တာန်တစ်ခုကို ချက်ချင်း စီရင်လိုက်တယ် ။ ဒါပေမဲ့ မန္တာန်ချပြီးချိန် သူ့ရဲ့ စိတ်နှလုံးဟာ လေးလံလို့သွားတယ် ။ ရွှေရုပ်ထုတော်ဟာ ပြန်တည့်မတ်မသွားသလို ပိုလို့တောင် အဖိခံလိုက်ရပြီး ဆက်ထိန်းမထားနိုင်တော့သလို ထင်မြင်ရတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Donde viven las historias. Descúbrelo ahora