80-နွေးထွေးယုယ သမုဒယမြေပေါ်ဝယ် ရွှေကိုယ်တော်ဟာ ရမ္မက်ကို ဖိနှိပ်ချိုးနှိမ်တယ်

17 2 0
                                    

|| နွေးထွေးယုယ သမုဒယမြေပေါ်ဝယ် ရွှေကိုယ်တော်ဟာ ရမ္မက်ကို ပြင်းထန်စွာ ဖိနှိပ်ချိုးနှိမ်တယ် [ အပိုင်း ၁ ] ||

အဲဒီကောင်လေးဟာ ကြောင်အမ်းအမ်းဖြစ်သွားတယ် ။

" ဘာလို့လဲ?"

ရှဲ့လျန်က ကောင်လေး ပီနူတွေကို သတ်ဖြတ်စဉ်က လှုပ်ရှားမှုနဲ့ ခုတ်ချက်တွေကို ပြန်တွေးပြီး ဓားရေးအကွက်အနည်းငယ်ကို တစ်ချက်မျှ ကစားပြရင်းပြောတယ် ။

" မင်း အဖျားမော့ဓားရှည် တစ်ခါမှ မသုံးဖူးဘူး မဟုတ်လား? မင်းက ရိုးရိုးဓားရှည်ကိုင်ပေမဲ့ ဓားရှည်က ခပ်တောင့်တောင့်ဖြစ်နေတယ်.. ခုတ်ချက်တွေမြန်ပြီး ကြမ်းတမ်းတယ် ဒါပေမဲ့ နည်းနည်း တွန့်ဆုတ်တွေဝေနေသလိုလိုနဲ့ အကွက်မပေါ်ဘူး... မင်းတကယ်လို့ အဖျားမော့ ဓားရှည်ကို မသုံးဖူးသေးဘူးဆိုရင် နောက်တစ်ခါကျ သုံးကြည့် ..အဲဒါနဲ့ဆို မင်းပိုပြီး အစွမ်းထက်လာမယ်လို့ ငါထင်တယ် "

ကိုယ်ခံပညာ ဓားသိုင်းပညာတွေမှာ သတိပြုမိလောက်အောင် ထူးထူးခြားခြားရှိသူ တစ်ယောက်ယောက်နဲ့တွေ့တိုင်း ရှဲ့လျန်ဟာ ထိန်းမထားနိုင်ဘဲ ချဉ်းကပ်ပြီး စကားပြောချင်မိတယ် ။ ဒါက ဘယ်လိုအကြောင်းမျိုးနဲ့မှ ဝေဖန်ထောက်ကွက်လုပ်တာမျိုး မဟုတ်ဘဲ သူဟာ တကယ်ကို အလွန်တရာ စိတ်ဝင်တစားရှိတာဖြစ်ပြီး အတွေးအမြင်တွေ ဖလှယ်ချင်တာပဲ ဖြစ်တယ် ။ သူအနေနဲ့ ကိုယ်ခံပညာပိုင်းမှာ အတွေ့အကြုံ အမြောက်အမြားရှိတာကြောင့် စဉ်းစားနေစရာမလိုဘဲ တစ်ချက်မြင်လိုက်တာနဲ့ သီးခြား ထူးခြားနေတဲ့ အချက်ကို တန်းမြင်နိုင်တယ် ။

ဘာကြောင့် ဘယ်လိုဆိုတာတွေ မပြောဖြစ်ခဲ့ရင်တောင်မှ သူဟာ ဒီလူကတော့ ဒီလိုပါလားလို့ ခံစားသိမိနေသေးတယ် ။ ယေဘုယျအားဖြင့် သူ့ရဲ့ လေးစားလောက်တဲ့ ဂုဏ်အသေရေကြောင့် သူပြောသမျှကို နားထောင်ကြတဲ့ သူတွေ အများအပြားရှိပေမဲ့ သူပြောတဲ့ စကားတွေကို စိတ်ထဲမှာ အလေးအနက်ထား စဉ်းစားတွေးတောတဲ့သူ အလွန်နည်းပါးတယ် ။ သို့ပေမဲ့ အဲဒီကောင်လေးဟာ စူးစူးစိုက်စိုက် မမှိတ်မသုန်နားထောင်ပြီး သူ့ရဲ့ အကြံပြုချက်ကို အငမ်းမရဝါးမြိုရင်း သူ့လက်ထဲက ဓားကို အချိန်တိုင်း ငုံ့ငုံ့ကြည့်နေတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ