76-မြို့တံခါးကို ပိတ်ခြင်း ၊ ယုံအမ်းမှ ရှင်ကျန်ရစ်သူများကို တားဆီးပြီ

31 2 0
                                    

|| မင်းနေပြည်တော် မြို့တံခါးကို ပိတ်ခြင်း ၊ ယုံအမ်းမှ ရှင်ကျန်ရစ်သူများကို တားဆီးပြီ [ အပိုင်း ၂ ] ||

" တံခါးဖွင့် !!!!!!"

" ကျုပ်တို့ကို ဝင်ခွင့်ပေး !!!!!"

စစ်သည်တွေဟာ မြို့တွင်းကို ပြန်ဝင်ပြီး တန်ပေါင်းများစွာလေးတဲ့ မြို့ရိုးတံခါးကြီးကို တွန်းပိတ်လိုက်ကြတယ် ။ စစ်သည်တွေ နှင်ထုတ်လိုက်တဲ့ လူတွေဟာ အနက်ရောင် ဒီရေလှိုင်းတွေလို အရှေ့ကို တဟုန်ထိုး ပြန်တိုးလာပြီး တံခါးပေါ်ကို တဝုန်းဝုန်းနဲ့ ထုရိုက်ပုတ်ကြတယ် ။ မြို့ရိုးမျှော်စင်ပေါ်က စစ်သည်တွေက အော်ဟစ်ကြိမ်းမောင်းတယ် ။

" သွားကြ သွားကြ !! မင်းတို့ ခရီးစရိတ်နဲ့ ခရီးရှေ့ဆက်လို့ရတယ် !! အရှေ့ပိုင်းကို သွားကြ !!! ဒီမှာ တွယ်ကပ်မနေကြနဲ့ !!!"

သို့သော်လည်း ယုံအမ်းဒုက္ခသည်တွေဟာ သူတို့ ဇာတိချက်ကြွေ မွေးရပ်မြေကို ကျောခိုင်းလိုက်ကြပြီး သူတို့ရဲ့ မြေကနေ စွန့်ခွာထွက်ပြေးကာ အကွာအဝေးအနီးဆုံး ဖြစ်တဲ့ မင်းနေပြည်တော်ဆီ ရောက်လာခဲ့ကြပြီးပြီ ။ ဒါပေမဲ့ မင်းနေပြည်တော် မြို့တံခါးတွေဟာ သူတိုတွေကို အဝင်မခံ စေ့ပိတ်လိုက်ပြီဖြစ်တာကြောင့် သူတို့ရှင်သန်ချင်တယ်ဆိုရင် မင်းနေပြည်တော်ကို ကျော်ဖြတ်ပြီး အရှေ့ဖျားက ပိုဝေးတဲ့ မြို့တွေဆီ သွားရတော့မှာ ဖြစ်တယ် ။

ဒါပေမဲ့ မင်းနေပြည်တော်ဆီ ခရီးလမ်းကတင် ခက်ခဲကြမ်းတမ်းမှု ပေါင်းစုံနဲ့ ပြည့်နှက်နေခဲ့ပြီးပြီလေ ။ အတားအဆီး အဟန့်အတားပေါင်း သောင်းခြောက်ထောင်လောက်ကို ဖြတ်ပြီး လူအတော်များများဟာလည်း ဒဏ်ရာရသူရ သေဆုံးသူ သေဆုံးနဲ့ သူတို့မှာ ဘယ်လိုလုပ်ရှေ့ဆက်ဖို့ အင်အားရှိနိုင်တော့မှာလဲ ? သူတို့ကို ခရီးစရိတ်ပေးတယ်ထားဦး ၊ ရိက္ခာနဲ့ ရေတွေ ထောက်ပံ့ပေးတယ်ထားဦး လမ်းမှာ နောက်ထပ်ဘယ်နှစ်ရက်များ သူတို့ဆက်တောင့်ခံနိုင်မှာလဲ ?

သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ဖြူဖျော့မှိုင်းဝေစွာနဲ့ တချို့က အိမ်သုံးပစ္စည်းပစ္စယတွေ ဆွဲ ၊ တချို့က ကလေးတွေ ကျောမှာပိုး ၊ တချို့ကတော့ လူနာထမ်းစင်တွေ သယ်ထားကြတယ် ။ သူတို့ဟာ အချင်းချင်း ဖေးမတွဲထူပေးထားကြရပြီး တချို့က လှုပ်တောင် မလှုပ်နိုင်တော့သလို မြေပေါ်လှဲချလိုက်ကြတယ် ။ တချို့ကတော့ ဒီတိုင်း ငုတ်တုတ်ထိုင်နေတော့တယ် ။ အားအင်ရှိနေသေးတဲ့ လူငယ် ငယ်ရွယ်သူတွေကတော့ ဒေါသတကြီးနဲ့ တံခါးတွေကို တဝုန်းဝုန်းထုရင်း အော်ဟစ်နေကြတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Место, где живут истории. Откройте их для себя