part (3)

1.1K 15 0
                                    

                          

"ထနှောင်းတကယ့် ကို
အနူညွှန့်တောင်းပန်ပါတယ်အကိုရယ်
အကိုကျေနပ်အောင်ထနှောင်း
ဘာပြန်လုပ်ပေးရမလဲဟင်
ဒါမှမဟုတ်ရင်လဲအကိုအက်ျီကို
ပြန်ရော်ပေးရမလားရှင်"

"မင်းကပြန်ရော်ပေးမယ်ဟုတ်လား
ငါ့အက်ျီဘယ်လောက်တန်လဲမင်းသိလား"

ထနှောင်းဘာမှထပ်မပြောတော့ဘဲခေါင်းလေးသာငုံ့နေမိသည်

"ထားလိုက်တော့ကွာ
တော်ပီမင်းနဲ့စကားဆက်ပြောနေဖို
ငါ့မှာအချိန်မရှိဘူးဒီတခါတော့
မင်းကိုလွှတ်ပေးလိုက်မယ်
ငါနဲ့ထပ်မတွေ့မိစေနဲ့
နောက်တခါဆိုရင်
မင်းမလွယ်ဘူးသာမှတ်ထား "

"ဟုတ်ကဲ့ထနှောင်းမှတ်ထားပါ့မယ်"

နေသွေး၏အကြည့်စူးစူးတွေကို
ရင်မဆိုင်ရဲ၍ခေါင်းလေးငုံ့ထားသော
ထနှောင်းကို
သူခပ်ထေထေပင်စိုက်ကြည်ကာ
နောက်သို့ချာခနဲ့လှည့်ကထွက်သွားလေတော့သည်
သူထွက်သွားတော့မှထနှောင်း
အသာလေးမော့ကြည့်မိပြီး
ကြောက်စိတ်ကြောင့်တဒုတ်ဒတ်
နှင့်ခုန်နေသောရင်ဘတ်ကို
လက်လေးနဲ့ဖိထားမိသည်
နာရီကိုကြည့်လိုက်တော့
အချိန်အတော်ပင်လင့်နေပြီ
ဖြစ်သောကြောင့်မောင်လေးစိတ်ပူနေမည်ဆို၍ထွေထွေထူးထူး
စဥ်းစားမနေတော့ဘဲအိမ်ကိုသာ
ခပ်သွက်သွက်ပြန်လိုက်လေသည်

"မမနောက်ကြတယ်နော် ဘာဖြစ်လို့လဲ"

အိမ်ထဲဝင်ဝင်ချင်းစီးမေးလာသောမောင်ဖြစ်သူကိုပြန်ုပြုံးပြလိုက်ရင်း

"ဘာမှမဖြစ်ပါဘူးရှင့် အလုပ်မှလူကြနေလို့လေ ပီးတော့လမ်းလျှောက်လာတာဆိုတော့အဲ့တာနဲနဲလေးကြာသွားတာ"

"အရမ်းပင်ပန်းနေမှာပဲနော်မမ"

"မပင်ပန်းပါဘူးငါ့မောင်ရယ်မမအတွက်အကျင့်တခုလို့ဖြစ်နေပြီမလုပ်ကရင်တောင်မနေနိုင်တော့ဘူး မောင်လေးကသာအိမ်မှာတယောက်ထဲကျန်ကျန်နေခဲ့ရတော့ပျင်းနေမှာပေါ့"

"သားလဲနေတတ်နေပါပြီမမ
မမပြန်လာရင်အမောပြေအောင်သား သံပုရာရည်အေးအေးဖျော်ပေးထားတယ်သောက်လိုက်နော်မမ"

My Lovely "Mg"  (Ongoing)Where stories live. Discover now