part (32)

719 1 0
                                    

***********          ************

ဆရာဝန်တွေထွက်သွားသည်နှင့် အနှီးမလေးကရှက်ရမ်းရမ်းလေတော့သည်

"အား....ရှက်လိုက်တာ..
မျက်နှာဘယ်နားထားရမှန်းတောင် မသိတော့ဘူး.."

"မောင့်ရင်ခွင်ထဲ ဝှက်ထားလိုက်လေငယ်ရဲ့"

"ကိုယ်နော် ရှက်ပါတယ်ဆိုမှာ..ဟွန့်..
လူကြီးကြောင့် အခုသူများတွေမြင်ကုန်ပြီ..
လူကြီးကြောင့်လို့..ဟွန့်..."

"ဟောဗျာ..မောင့်ကြောင့် ဟုတ်လား..မောင့်နုတ်ခမ်းလေးကို အပိုင်သိမ်းမယ်ဆိုပြီး စနမ်းတာဘယ်သူပါလိမ့်နော်..."

"မောင်နော်..ငယ်ကစိတ်မထိန်းနိုင်လို့ဖြစ်သွားတာကို..မောင်ကထိန်းမှပေါ့လို့.."

"ဒါဆို မောင့်အမှားပေါ့နော်"

"အင်းလေ မောင်မှားတာ..မောင့်ကြောင့်.."

"ဟုတ်ပါပြီဗျာ..မောင်မှားတာပါ.
.ဟော့ဒီက ငယ်လေးသာ အမှန်ရပြီလား..."

"သိရင်ပြီးရော....ဟွန့်"

"ကဲပါ..စိတ်မဆိုးနဲ့တော့..
ငယ်လေးစားချင်တာ ဝယ်ပေးမယ်လေကွာ.."

"ဟွန်း...မုန့်မျက်နှာကြောင့် ခွင့်လွတ်ပေးလိုက်တာနော်...စိတ်ဆိုးပြေသေးတာမဟုတ်ဘူး"

"ဟုတ်ပါပြီဗျာ..စိတ်ဆိုးပြေတော့..
ငယ်ကလိမ်မာပါတယ်..."

"နုတ်ခမ်းလေး ဆူမထားနဲ့လေနော်...
ကိုယ်စိတ်မထိန်းနိုင်တော့ရင် ထပ်နမ်းမိလိမ့်မယ်.."

"ဟာ...မောင်နော်..မနမ်းရပါဘူး..
မောင့်ကိုအပြစ်ပေးတာ..."

"မောင့်ကို ရက်စက်တော့မယ်ပေါ့.. "

"မောင့်ထိုက်နဲ့မောင့်ကံပဲလေ..ခံပေါ့လို့..."

"ဟား.....ဟုတ်ပါပြီဗျာ...ငယ်လေးသဘောပါ.."

နုတ်ခမ်းလေး တဆူဆူဖြစ်နေသူလေးအား
အချစ်တို့ပိုနေရသည်

အချွဲသန်လှသော ငယ့်အား ချစ်ပြီးရင်း ချစ်နေရသောမောင်တယောက် အပြုံးတို့ပင် မရပ်တန့်နိုင်တော့ပေ

မတော်တဆဖြစ်ပြီးနောက် ငယ်ကိုစိတ်မချ၍
အနားမှာပဲ အမြဲအဖော်ပြုပေးနေရကာ
ကျောင်းလဲလွတ်ထားရသည်

My Lovely "Mg"  (Ongoing)Where stories live. Discover now