part (33)

700 2 0
                                    

ဆေးရုံပေါ်သို့ အပြေးတတ်လာသည့်
နေသွေး၏ခြေလှမ်းများ မူမမှန်ချင်

ဆိုးရိမ်စိတ်တို့ကဖိစီးထားတော့ ရူးကြောင်ကြောင်ဖြစ်နေသည့်မိမိပုံစံကို သတိမထားမိသလို ပတ်ဝန်းကျင်ကိုလဲဂရုမစိုက်နိုင်

တောက်လျှောက်ဖုန်းခေါ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသည့်ဖုန်းအား လက်တဖက်တွင်ကိုင်လျက်သား...

နောက်မှလိုက်ပါလာသော ကောင်းကင်ယံပင် အမှီလိုက်ရနေသည့်အထိ.....

*ငယ်လေးဘာမှမဖြစ်ရဘူး ငယ်လေးမရှိရင်ကိုယ်သေမှာ..ကိုယ်ရူးမှာ...ငယ်ရဲ့ မဖြစ်ပါစေနဲ့ကိုယ်ထင်သလို
မဖြစ်ပါစေနဲ့....*

အခန်းတံခါးကိုတွန့်ဖွင့်ပြီအပြေးဝင်လိုက်သည်
ခုတင်ပေါ်တွင်ငယ်ကရှိမနေပါ

အခန်းတဝိုက်မျက်စိကစားကြည့်တော့ငယ့်အရိပ်အယောင်တောင်မတွေ့

ရင်တွေပူလာသည် စိတ်တွေလှိုက်မောလာသည်

သန်းစင်ခန်းထဲသို့ရှိလို့ရှိငြား ပြေးကြည့်သော်လဲမတွေ့ပေ

ငယ်ဟုသောနာမ်စားလေးအား နုတ်ဖြားမှာခေါ်နေမိသည်မှာလဲအကြိမ်ကြိမ်

ကြားနေကြအသံလေး မြင်နေကြပုံရိပ်လေးကိုမတွေ့ရတော့ ရင်ထဲ၌ဟာတာတာ...

တဆက်တည်းမြင်မိသည်က ခုတင်ပေါ်တွင်တင်ထားသောငယ့်ဖုန်းလေး

လှမ်းယူလိုက်ပြီးဖွင့်အကြည့် screen ပေါ်တွင်ပေါ်လာသော wallpaper လေးကငယ်နှင့်နှစ်ယောက်တွဲရိုက်ထား ဓာတ်ပုံ

ပြုံပျော်နေသော ငယ့်ပုံရိပ်အားလက်ဖြင့်တို့ထိကြည့်စဥ် ရင်ထဲကနာကျင်မူကမျက်ရည်တို့ဝဲရသည့်အထိ...

"ကိုယ်တောင်းပန်ပါတယ်ငယ်..ကိုယ်ငယ့်ကိုမစောင့်ရှောက်နိုင်ခဲ့လို့...ကိုယ်အသုံးမကျလိုက်တာငယ်ရယ်..
ငယ့်ကိုဒုခတွင်းထဲတွန်းပို့မိပြန်ပြီ စောက်သုံးမကျတဲ့ဟော့ထိကောင်ကြီးပါကွာ တကယ်ဆိုငယ့်နေရာမှာကိုယ်ဖြစ်နေသင့် ဝေသနာတွေခံစားသင့်တာကိုယ်ပါကွာ...."

ပါးပြင်ပေါ်မှစီးကျလာသောမျက်ရည်တို့သည် ဖုန်းမျက်နှာပြင်တွင်ရွဲလျက်

My Lovely "Mg"  (Ongoing)Where stories live. Discover now