part (26)

587 4 0
                                    

lip stickအားလှမ်းယူကာ
သူမမျက်နှာလေးအားစေ့စေ့ကြည့်လိုက်သည်

"ဘာ..ဘာလုပ်မလိုလဲဟင် "

"မောင်ဆိုးပေးမယ် လာဒီဘက်လှည့်"

"မောင်ဆိုးတတ်လို့လား"

"အင်း ဆိုးတတ်ပါတယ်
အရမ်းကျမ်းကျင်နေတာတော့မဟုတ်ဘူး
ငယ့်ကိုဆိုးပေးချင်လို့onlineကနေသင်တန်းတက်ထားရတာ"

ကြည်နူးမူနှင့် ငြိမ်ကြသွားသောသူမက မတုန်မလူပ်ဖြစ်သွားရသည်

"လာပါဒီဘက်ကိုလှည့်လိုက် "

သူမကိုယ်လေးအား သူနှင့်တည့်တည့်သို့
လှည့်လိုက်တော့ မျက်နှာလေးရဲတတ်လာသော သူမ...

ခေါင်းလေးငုံ့ထားသောသူမအား
မေးစပ်မှလက်အဖျားဖြင့်ကိုင်ကာမော့စေလိုက်သည်

အရည်ကြည်လေးများဖုံးလွှမ်းနေသော မျက်ဝန်းအစုံဖြင့်မော့ရင်းကြည့်လာသော သူမ၏ပါးပြင်တို့က ခပ်ရဲရဲ

မျက်တောင်တစ်ဖြတ်ဖြတ်ပုတ်ခပ်ရင်း
နေသွေးဆီမှ အကြည့်တို့လွှဲသွားလေသည်

နီးကပ်နေသော ခန္တာကိုယ်နှစ်ခုကြား သူမဆီမှမြန်ဆန်နေသည့်နှလုံးခုန်သံတို့အားအတိုင်းသားကြားနေရသည်

နုတ်ခမ်းအား တင်းတင်းစေ့ထားလျက်
အသက်ရူသံမမှန်သောသူမကြောင့် နေသွေး၏နုတ်ခမ်းထောင့်တို့သည် အလိုလိုကော့တက်သွားချေပြီ

"မောင် မနမ်းလိုက်ဘူးနော်ငယ် ဘာလို့အဲလောက်ထိရှက်နေရတာလဲလို့"

"ဘယ်မှာရှက်လို့လဲ "

"အခုပဲငယ့်ရင်တွေ တဒုတ်ဒုတ်နဲ့ခုန်နေတာလေ
အဲ့တာမောင့်ကိုရှက်လို့မဟုတ်ဘူးလား"

"ဟုတ်ပါဘူး ဒီတိုင်းနည်းနည်းပူနေလို့"

"တကယ်လား"

"တကယ်ပေါ့"

"ဒီလိုလေးဆိုရင်ရော.."

သူမမျက်နှာလေးအား လေဖြင့် ဖွဖွလေးမှုတ်ပေးလိုက်သည်

အမှတ်တမဲ့မို့ မျက်လုံးလေးမှိတ်ဆင်းသွားလေရာ
ခပ်ဟဟဖြစ်နေသော သူမ၏နုတ်ခမ်းပါးအစုံအား
ဖိကပ်နမ်းရှိုက်လိုက်တော့
ကိုယ်လေးတွန့်သွားသောအနှီးမလေး

My Lovely "Mg"  (Ongoing)Where stories live. Discover now