part (16)

1.1K 13 0
                                    

                      

အေးချမ်းလှသည့် မနက်ခင်းတွင်
ရောင်ခြည်နွေးနွေးလေးက
သက်ရှိများကို ပိုမိုအသက်ဝင်စေရန်
ပတ်ဝန်းကျင်ကိုဖြန့်ကျက်လျက်

သူသူငှာငှာလူတွေ
ဘဝ ဝမ်းစာအတွက်
တနေ့တာတိုက်ပွဲဝင်ရန်
အဆင့်သင့်ဖြစ်နေကြချိန်
တယောက်သောသူမကတော့
ပင်ပန်းမူဒါဏ်တွေကြောင့်
လောက ကိုဆန့်ကျင်နေသည့်အလား
အိပ်ယာပေါ်တွင်
ခွေခွေလေးအိမ်မောကြလျက်ပင်

မကြာပါချေ
ဘေးနားကလူပ်ရှားမူအသံတချို့က
သူမကို ထ ရန် ဆော်သြလိုက်သလိုပင်

အိပ်မောကျနေရာမှလူပ်လူပ်ရွရွလေးဖြစ်လာလေ၏

ထို့နောက်လေးလံနေသောမျက်လွှာလေးကိုအားယူ၍အသာပင့်တင်လိုက်၏

အချိန်အတော်ကြာအိပ်ပျော်နေသူဖြစ်သည့်အလျှောက် အလင်းရောင်၏ထိတွေ့မူကို မခံနိုင်ပါချေ

မျက်လုံးလေးများကြိမ်လွန်း၍
ချက်ချင်းပြန်မှိတ်လိုက်ရ၏

ပြီးမှာမျက်ဝန်းလေးတစ်ဖျတ်ဖျတ်ခပ်ကာ တဖြည်းဖြည်းချင်းအရှိန်ယူကာကြည့်ရ၏

သို့ပါသော်လဲ
အမြင်တွေကဝိုးတို့ဝါးတား

"မင်းနိုးပြီးလား"

ထိုအခိုက်
ကြားလိုက်ရသည့်အသံက
သူမကိုချက်ချင်းလန်းဆန်းသွားစေသည့်အလား
အာရုံငါးပါးကိုလူပ်ခပ်သွားစေ၏

ထိုအသံကို သူမ သိသည်
ရင်းရင်းနီးနီးကိုသိသည်

သူမ မမြင်ချင်ဆုံးသူ

သူမကိုရှင်လျက်နှင့်သေနေသည့်
ဘဝကိုပိုင်ဆိုင်အောင်လုပ်သောသူ

တနည်းအားဖြင့်
သူမသေလောက်အောင်မုန်းသောသူပေါ့

၏သို့ဆိုလျှင်
ထိုသူကဘယ်သူဖြစ်မည်ဆိုတာ
ခန်မှန်းမိလောက်ချေပြီ

အမှန်ပင်

နေသွေးလေပြေ ဟုသော
လူ့အရိုင်းအစိုင်းတယောက်အသွင်အဖြစ်
သူမမှတ်ယူထားသော သူပင်

အိပ်ယာမှတဟုန်ချင်းထထိုင်လိုက်ကာ
အသံလာရာသို့ သူမခေါင်းဝှေ့ကြည့်လိုက်၏

My Lovely "Mg"  (Ongoing)Where stories live. Discover now