part (10)

1K 11 0
                                    

                         

"သမီးလေးနည်းနည်းလောက်ဖြစ်ဖြစ်စားလိုက်ပါလားကွယ်"

"ဟင့်အင် သမီးမစားချင်ဘူး"

"စားလိုက်ပါကွယ်နည်းနည်းပဲဖြစ်ဖြစ်ပါ
သမီးလေးမစားရင်အာဟာရပြတ်ပြီးအိပ်ယာထဲ
ပြန်လဲသွားလိမ့်မယ် စားလိုက်ပါနော်"

"စားချင်စိတ်မရှိလို့ပါအန်တီရယ် သမီးမစားချင်ဘူး"

ထနှောင်းအကြောက်အကန်ငြင်းနေမိသည်

မောင်လေးနှင့် အခုလိုအကြာကြီးခွဲမနေဘူး၍
စိတ်ထဲတွင်တခုခုလိုနေသလို့ခံစားနေရကာ
စားမဝင်အိပ်မပျော်ဖြစ်နေရှာသည့်အပြင်
သူကိုအလွန်မုန်းတီးနေသောစိတ်ကြောင့်လဲပါသည်

"သမီးလေးရယ်တခုခုတော့စားလိုက်ပါနော်
မဟုတ်ရင်သဋ္ဌေးလေးဆူလိမ့်မယ်"

"ဟင်အင့်မစားချင်ဘူး"

ထနှောင်းအစာစားချင်အောင်
အမျိုးမျိုးဖြောင်းဖြနေသော်လည်းအတင်းငြင်းနေသောသူမကြောင့် အန်တီကြီးပင်စိတ်ညစ်လာ၏

"ဒီလိုတွေလုပ်နေလိုလဲမင်းတွင်ဘာမှထူးမလာဘူးနော်"

သူ့အသံကြားသည်နှင့်သူမရင်ထဲအလိုလိုမုန်းတီးလာသည်

သူကိုသူမလှည့်မကြည့်

"သဋ္ဌေးလေး..
သမီးလေးကအစာမစားဘူးဖြစ်နေတယ်
ကြာရင်ကျန်းမာရေးထိခိုက်မှာဆိုးရိမ်ရတယ်"

"ရပြီ..ကြီးမေ
သွားလို့ရပြီကျန်တာကျွန်တော်ဆက်လုပ်လိုက်မယ်"

"ဟုတ်ကဲ့သဋ္ဌေးလေး"

နေသွေးပြောလိုက်သည်နှင့်အန်တီကြီးခပ်သွက်သွက်ပင်ထွက်သွားလေသည်

"မင်းဘာဖြစ်ချင်နေတာလဲ"

သူမဘာမှပြန်မပြော မကြားသယောင်တွေတွေလေးထိုင်နေသည်

"မင်းမောင်လေးကိုကုသပေးစေချင်ရင်
မင်းနဲ့ငါ့ရဲ့အပေးအယူကိုမမေ့ဖို့လိုမယ်"

"ကျွန်မမမေ့ပါဘူး"

"မမေ့ရင်ဘာလို့ငါ့ကိုဆန့်ကျင်နေတာလဲ"

"မဆန့်ကျင်ပါဘူး"

"ကောင်းပြီလေ ဒါဆိုမင်းအတွက်ပြင်ဆင်ပေးထားတဲ့အစားအစာတွေကိုငါ့အရှေ့မှာကုန်အောင်စားရမယ်"

My Lovely "Mg"  (Ongoing)Where stories live. Discover now