part (30)

604 3 0
                                    

"ငယ်...မောင့်ကလေးလေး...
မောင့်ကမ္ဘာလေးမောင့်ရှေ့မှာပဲပြိုကျသွားတာလား...."

မိုးပြိုမှကမ္ဘာပျက်တာမဟုတ်
ကိုယ့်အသက်ထက်ချစ်ရသူကိုယ့်ရှေ့မှာကျဆုံးသွားတာမြင်ရရင်လဲကမ္ဘာပျက်တာပါပဲလေ

အရူးလိုအော်ဟစ်ရင်း ထိလို့ထိမှန်းမသိတော့သည့်အသက်မပါသောခြေလှမ်းတွေနဲ့သူမလေးဆီသို့
အပြေးသွားမိသည်

လူအုပ်ထဲသို့တိုးဝှေ့ရင်း ငယ် ဟုသော
နမ်စားလေးအား သတိတရခေါ်ရင်းနှင့်

သွေးအလိမ့်လိမ့်နှင့်လဲကျနေသော ​ကိုယ်လေးအားအပြေးထွေးပွေ့ရင်းယောက်ျားတယောက်ဆိုတာကိုမေ့လျော့နေသည်အထိ ကယောင်ကတမ်းအော်ငိုနေမိ၏

"ငယ်လေး...ကိုယ့်ရဲ့ငယ်လေး ထပါအုံး
ကိုယ့်ကိုမနောက်ပါနဲ့ကွာကိုယ်ရူးရလိမ့်မယ် 
ငယ့်.ကိုယ်ခေါ်နေတာကြားရဲ့လားလို့
ကိုယ့်ကိုမျက်လုံးဖွင့်ကြည့်ပါအုံး ငယ့်....."

ရင်ခွင်ထဲရှိမလူပ်မရှက်နှင့်ငြိမ်သက်နေသောကောင်မလေးထံမှ စကားမေးပြန်မရသည့်တိုင်
အရူးတယောက်လိုအော်ခေါ်နေမိသည်

ပြာလဲ့နေသောကောင်းကင်ကြီးသည်လဲအကြင်သူ
နှစ်ယောက်၏ပုံရိပ်တချို့အားမှတ်တန်းယူနေသယောက်

အနားရှိခပ်ကြောင်ကြောင် ကြည့်နေသူတွေကိုလဲ
သူဂရုမစိုက်နိုင်တော့ပေ

*ရက်စက်လိုက်တဲ့လောကကြီးရယ် ခင်ဗျားကြီးသိပ်ကိုရက်စက်လွန်းတယ် ကျွန်တော့အသဲအသက်လေးကိုမှ
ဒီလိုအဖြစ်မျိုးနဲ့ကြုံအောင်ဖန်တီးပေးရတယ်လို့...*

ငိုရှိုက်သံတို့သည့်လမ်းမထက်သို့ တစတစတိုးဝှေ့ပြန့်နှံ့သွားချေပြီ

*********************

"ဘေးဖယ်ပေးကြပါဗျာ
အရေးပေါ်လူနာမို့ လမ်းခနဖယ်ပေးကြပါ..."

ဆရာဝန်များ၏အော်ဟစ်မေတ္တာရပ်ခံသံနှင့်
အပြေးတွန်းသွားသောအရေးပေါ်ခုတင်ပေါ်ရှိကောင်မလေးဘေးမှလိုက်ပါလျက်

လဲလျှောင်းနေသောကောင်မလေး၏ဖြူဖြော့ဖြော့ လက်လေးအားမြဲမြန်စွာဆုပ်ကိုင်ရင်း
သူ့ရင်တွေကွဲတာအခါခါပင်

My Lovely "Mg"  (Ongoing)Where stories live. Discover now