part (6)

984 16 0
                                    

                           

"မင်းအမှားကို မင်းသိတယ်မဟုတ်လား"

"ဟုတ် ထနှောင်းသိပါတယ်
ဒါပေမဲ့လေ ထနှောင်း
တမင်ရည်ရွယ်ပြီလုပ်ခဲ့တာမဟုတ်ပါဘူး
ခြေထောက်ကတကယ်နာနေလို့ပါ "

"တော်တော့ ကျန်တာငါမသိချင်ဘူး
မင်းအမှားလုပ်ထားလား
မလုပ်ထားလားပဲငါမေးတာ"

"ဟုတ် လုပ်မိပါတယ်"

နေသွေး၏
တင်းမာနေသောလေသံကြောင့်
ထနှောင်းဘာထပ်မပြောရဲတော့ဘဲ
နာနေသောခြေထောက်ကိုလက်လေးဖြင့်ဖိကိုင်ထားရင်ခေါင်းလေးငုံ့ထားမိသည်

"မှားတယ်ဆိုအပြစ်တော့ပေးရမှာပေါ့"

ခွေခွေလေးထိုင်နေသောထနှောင်းကို
နေသွေးတချက်ကြည့်လိုက်ကာ

"မင်း ကျောင်း ကို ၁၀ ပတ်ပြည့်အောင်ပြေးရမယ်
အဲ့ဒါမင်းအတွက်အပြစ်ဒါဏ်ပဲ"

"ရှင်..
ကျောင်းကိုပတ်ပြေးရမှာမယ်
ဒါပေမဲ့လေ
ညမခြေထောက်ကနာနေလို့
လမ်းတောင်ကောင်းကောင်း
လျှောက်လို့တောင်မရတာ
ပြေးရမယ်ဆိုတော့လေ
အဆင်မပြေလောက်ဘူးထင်တယ်"

"ဟုတ်ပီလေဒါဆိုကျောင်းကထွက်လိုက်"

"ရှင်.."

ထနှောင်းမျက်လုံးလေးပြူးကျယ်သွာတယ်

"အပြစ်ပေးမခံချင်ဘူးဆိုရင်တော့
ဒီကျောင်းမှာမင်းဆက်တက်စရာ
အကြောင်းမရှိတော့ဘူး အဲ့တော့
အပြစ်ပေးတာခံမလား
ကျောင်းထွက်မလားမင်းကြိုက်တာရွေး"

ထနှောင်းမျက်ရည်လေးတွေဝဲလာမိသည်

နာနေသောခြေထောက်လေးကိုဖွဖွလေးကိုင်လိုက်ပြီးမှ

"ညမပြေးပါ့မယ်
ကျောင်းကိုတော့ဆက်တက်ပါရစေနော် "

"ရတယ်ပြီးတော့
ပြေးနေရင်း
ဘာပဲဖြစ်ဖြစ်ငါဂရုမစိုက်မှာမဟုတ်ဘူး
၁၀ပတ်ပြည်အောင့်အပြေးရင်တော့
နောက်နေ့မင်းမျက်နှာငါမမြင်ချင်ဘူး "

"ဟုတ်ကဲ့ထနှောင်းသိပါပြီ"

အညှာတာမဲ့စွာပြောပြီးထွက်သွားသောနေသွေးကိုကြည့်ကာထနှောင်းရင်ထဲကနာကျင်လာမိသည်

My Lovely "Mg"  (Ongoing)Where stories live. Discover now