part (31)

635 1 0
                                    

၁လခန့်ကြာပြီးနောက်.........

"ကျွန်တော်အမြန်ဆုံးသိချင်တယ် မြန်မြန်စုံစမ်းပေးပါ လိုသလောက်ငွေကိုကျွန်တော့်ဘက်ကထုတ်ပေးမယ် "

"ဟုတ်ကဲ့ ကျွန်တော်တို့လဲအကောင်းဆုံးကြိုးစားနေပါတယ် ဒီကိစ္စကသိပ်တော့မရိုးရှင်းလို့အချိန်နဲနဲတော့ပေးရလိမ့်မယ် ဒါပေမဲ့စိတ်ချပါ မကြာစေရဘူး "

"okလေ အချိန်ကအရေးမကြီးဘူး ဘယ်သူလုပ်တာလဲဆိုတာသာသိရင်ရပြီ စုံးစမ်းလို့ရရင်တော့ချက်ချင်းအကြောင်းကြားပေးပါ" ​

"ဟုတ်ကဲ့စိတ်ချပါ"

***********************

ဖုန်းချလိုက်သည်နှင့် တင်းမာနေသော
မျက်နှာထားတွင် ခပ်ရေးရေးဒေါသပုံရိပ်တွေ

ထိုနေ့ဖြစ်စဥ်ကို ပြန်လည်မြင်ယောင်တိုင်း လက်သီးကိုသာ ကျစ်နေအောင်ဆုတ်ထားမိသည်

မိမိမျက်စိရှေ့တွင်ဘဲ ငယ့်ကိုကားတစ်စီးက ရည်ရွယ်ချက်ရှိရှိဝင်တိုက်သွားချင်းပင်

အစအဆုံးမြင်လိုက်ရသည်မို့ ပြန်တွေးမိတိုင်း
လုံးဝမကျေနပ်နိုင်ဖြစ်နေသည်

"ငါအမြတ်တနိုးပျိုးထားတဲ့ပန်းကိုမှ ခလုတ်ဝင်တိုင်မိတာမင်းတို့အမှားပဲ ငါလုံးဝခွင့်မလွတ်ဘူး ဘယ်သူပဲဖြစ်နေဖြစ်နေ ငါ့သက်လျာကိုထိရင်တော့ငါနဲ့ငြိတာပဲ မင်းတို့ဘယ်လောက်ပဲအရှောင်ကောင်းကောင်း ဘယ်သူဆိုတာသိရတဲ့နေ့က မင်းတို့အသက်တွေ ဇီဝိန်ကြွေပြီလို့သာမှတ် ငယ့်သွေးတွေမြေခတဲ့နေရာမှာ မင်းတို့ကိုငါကိုယ်တိုင်
မြေချ ပေးမယ် သေမဲ့နေကိုသာ ထမင်းအဝစားပြီးစောင့်နေကြပေတော့..ဟင်း......."

ခပ်မဲ့မဲ့ပြုံးရင်း ရင်ထဲကြွေးကြော်လိုက်သောထိုစကားတွေသည်အရှိန်အဝါကြီးလှ၏

ငယ့်ကိုဆေးရုံပို့ပြီး တစ်ပတ်ကြာတော့ ထိုနေရာကိုသူသွားစုံစမ်းခဲ့သေးသည်

သတင်းရလို့ရငြားပေါ့
သို့သော်လည်း တိုက်ပြီးပြီးချင်း အလျင်အမြန်မောင်းပြေးသွားတာကြောင့် ကားမောင်းသူဟာ မိန်းကလေး
တယောက်ဆိုတာကလွဲလို့ ကျန်တာတော့မသိခဲ့ရချေ

My Lovely "Mg"  (Ongoing)Where stories live. Discover now