ရှက်သော်လဲ မထူးတော့ပြီမို့မောင့်နုတ်ခမ်းအားဖိကပ်နမ်းရှိုက်လိုက်တော့သည်
နွေးနေသောမောင့်နုတ်ခမ်းပါးအားမနက်စာသဖွယ်စားသုံးနေချိန်တဖက်က ခိုးကြည့်နေသောအိမ်ဖော်မလေးတွေကိုတော့သူမ သတိမထားမိလိုက်ပေ ကြီးမေကထိပ်ဆုံးကဖြစ်မည်ထင်သည်
နေသွေးသည်သူမ၏နုတ်ခမ်းပါးအား အပေါ်တလွှာအောက်တလွှာ မက်မက်မောမောနမ်းရှိုက်နေသည်
ခနလောက်သာနမ်းမည်ထင်မိသော်လည်းနေသွေးကမူသူမနုတ်ခမ်းကိုမလွှတ်တမ်းဆုတ်နမ်းနေသည်
*ကျောင်းသွားရမှာမို့အချိန်မရဘူးဆိုတဲ့သူကဒီလိုကျတော့အချိန်ပေါတယ်ပေါ့*
သူမစိတ်ထဲမှမကျေမချမ်းရေရွတ်မိသည်ကြာလာတော့သူမအသက်ရူကြပ်လာ၍နေသွေးပုခုံးအားအသာတွန်းဖယ်နေမိသည်
အရှိန်တတ်နေသောနေသွေးက သူမခံတွင်းထဲသို့လျှာထိုးသွင်းရန်ပြင်နေစဥ် အသက်ရူသံမမှန်တော့သောသူမကြောင့် အောက်နုတ်ခမ်းလေးအားခပ်စပ်စပ်ကိုက်ကာလွတ်ပေးလိုက်သည်
ထိုမှ မောဟိုက်နေသောထနှောင်းသည် နေသွေး၏ပုခုံးပေါ်ခေါင်းမှီလျက်အမောဖြေလေသည်
ဘေးရှိအိမ်ဖော်မလေး တွေမှာကခိုးရယ်ရင်းအလိုက်တသိရှောင်ပေးကြလေသည်
နေသွေးလဲမှီလာသောသူမခေါင်းလေးအားလက်ဖြင့်ပွတ်ပေးလျက်ပြုံးမိသည်
"ငယ်... အဆင်ပြေရဲ့လား"
"အင်း.....မောင်ကအရမ်းဆိုးတာပဲ ငယ် တကယ်မောတာသိလား"
"သိပါ့ဗျာ ကိုယ်စိတ်မထိန်းနိုင်လိုက်လို့ပါ တောင်းပန်တယ်နော် နောက်တခါကျနည်းနည်းလျှော့ပေးမယ်"
"ဘာကိုနောက်တခါလဲ ဟွန့်.."
နုတ်ခမ်းလေးဆူရင်းချိတ်ကောင်နေတဲ့သူမကနေသွေးရင်ဘတ်အားမနာမကျင်ထုရိုက်လေတော့သည်
ပြုံးမိနေသောနေသွေးမှာမူမနာကျင်သော်လဲသူမလက်
နုနုလေးတွေထိခိုက်မိမှာဆိုး၍ ထိုရိုက်နေသောလက်
အစုံးအားအသာဖမ်းကိုင်ထားလိုက်သည်
YOU ARE READING
My Lovely "Mg" (Ongoing)
Romanceချစ်တာထက်ကိုပိုပါတယ်မောင်ရယ်... နေသွေးလေပြေ + ထနှောင်းနွယ်