part (9)

993 12 0
                                    

                         

"အင့်......အင်.."

ငြီးငြူရင်း ထနှောင်းနွယ်တယောက်
မျက်လုံးလေးတဖြည်းဖြည်းပွင့်လာလေသည်

"သမီးလေးနိုးလာပြီလား"

အသံကြား၍ထနှောင်းအားယူကာ
ဘေးဘက်သို့အသာယာစောင်းငဲ့ကြည့်လိုက်၏

ပြုံး၍ကြည့်နေသောအန်တီကြီးသောမြင်၍

"အန်တီကဘယ်သူလဲဟင် ပြီးတော့ထနှောင်းကရောဘယ်ကိုရောက်နေတာ"

တရယ်ဆက်မေးနေသော
ထနှောင်းနွယ်ကိုကြည့်ကာ
သွားပေါ်ယုံမျှပြုံးလိုက်ရင်း

"ခနလောက်နားနားနေနေလေနေပါအုံးသမီးရယ်
အန်တီ ဖြည်းဖြည်းချင်းပြောပြပါမယ်
သမီးလေးကအခုသဋ္ဌေးလေးရဲ့အိမ်ကို
ရောက်နေတာလေ အန်တီကဒီအိမ်ရဲ့အိမ်တော်ထိန်းပါ သမီးလေးကိုစောင့်ရှောက်ခိုင်းထားလို့အန်တီကစောင့်ရှောင်ပေးနေတာ"

အန်တီကြီးစကားကြောင့်ထနှောင်းနွယ်
မျက်ခုံးလေးပင့်သက်လိုက်ရင်း

"သဋ္ဌေးလေး.."

"သူကဘယ်သူလဲဟင်"

"သမီးလေးမကြာခင်သိမှာပါ
သဋ္ဌေးလေးခနေကြရင်ပြန်ရောက်လာပါလိမ့်မယ်"

ထနှောင်းအားယူ၍ဖြည်းဖြည်းချင်းထထိုင်လိုက်သည်

ခမ်းနားထည်ဝါလှသည့်အခန်းအပြင်အဆင်တွေကြောင့်ဘေးဘေးဘီဘင်ကို လိုက်ကြည့်နေမိသည်

"သမိးလေးနီုးပြီဆိုတော့သမီးလေးစားဖို့အတွက်
ပြင်ဆင်ထားတာရှိတယ်
ခနလေးစောင့်နော်အန်တီသွားယူပေးမယ်"

ထနှောင်းခေါင်းငြိမ့်ပြလိုက်၍
အန်တီကြီးအခန်းအပြင်သီု့ခပ်သွပ်သွပ်လေး
ထွက်သွားလေသည်

ထနှောင်းအခန်းပတ်ပတ်လည်ကိုလိုက်ကြည့်နေရင်း
ခနနေတော့အန်တီကြီးပြန်ဝင်လာသည်

"သမီးလေးဒီအာဟာရစွပ်ပြုတ်လေး
အရင်သောက်လိုက်နော်"

"ဟုတ်အန်တီ သမီးမစာသေးလို့
ခနနေမှသောက်လိုက်ပါ့မယ်
ဒါနဲ့လေအန်တီသမီးဒီကိုရောက်နေတာ
ဘယ်လောက်ကြာသွားပြီလဲဟင်"

My Lovely "Mg"  (Ongoing)Where stories live. Discover now