"သားလေးနေသွေး အန်တီနဲ့အိမ်ထဲခနလိုက်ခဲ့ပါလား သားကိုအရေးကြီးပြောစရာတခုရှိလို့
သားမိဘတွေမှာခဲ့တာလေးပါ""ဖေဖေတို့မှာခဲ့တာလား"
"ဟုတ်တယ်သားလေး
သူတို့ကသားလေးကို ငယ်သေးတာကတကြောင်း
စိတ်လဲစိတ်မချတာကြောင့်မို့အန်တီကိုပဲပြောခဲ့တာ
အခုသားလေးလဲအရွယ်ရောက်နေပြီဆိုတော့
ပြောသင်ပြီထင်လို့ပါ""အော်ဟုတ်ကဲ့ ဒါဆိုလဲသွားမယ်လေအန်တီ"
ထို့နောက်နေသွေးက နောက်အကွယ်တွင်
ငြိမ်ရပ်နေသော ထနှောင်းဘက်သို့လှည့်၍"မင်းဒီမှာခနနေအုံးနော်
ဝေးဝေးလံလံတွေလျှောက်သွားမနေနဲ့""ဟုတ်ကဲ့"
"သူကရောဘယ်သူလဲသားလေး
သားကောင်မလေးလား"နေသွေးတို့စကားပြောနေတုန်
အန်တီကြီးကဝင်မေးလိုက်ရာ"မဟုတ်ပါဘူးအန်တီ
အိမ်က အခိုင်းစေတယောက်ပါ
ဒီမှာလိုတာလေးလုပ်ပေးစရာရှိရင်
လုပ်ခိုင်းရအောင်လို့ခေါ်လာတာပါ"နေသွေးစကားကြောင့်အန်တီကြီးက
ငြိမ်ကုတ်၍မျက်နှာလေးအောင်ငုံ့နေသော
ထနှောင်းကိုတချက်အကဲ့ခတ်ကြည့်လိုက်၏"သိပါဘူးကွယ်
သားကတခါမှာမိန်ကလေးတွေကို
အခုလို့ခေါ်လာတာမတွေ့ဘူးလို့
သားကောင်မလေးထင်လိုက်တာ
ပြီးတော့ကောင်မလေးကလဲ အချောလေးနော်
ချစ်စရာလေး"အန်တီကြီးက ထနှောင်းမျက်နှာလေးကိုကြည့်ကာ
ပြုံးရင်းပြောလိုက်၏ဘေးတွင်လဲ ထနှောင်းကို ရပ်နေကြည့်နေသော
မင်းထက်ရိုင်းတယောက်မှာလဲ
အံသြမူ ဝမ်းသားမူတွေနှင့်ပြည့်နက်နေလေသည်"သွားမယ်အန်တီ
သူကိုအဲ့လောက်အရေးလုပ်နေစရာမလို့ပါဘူး
ဒီမှာအန်တီတို့ခိုင်းစရာရှိရင် သူကို့ခိုင်းထားလိုက်ပါ"နေသွေးစကားကြောင့် သူမ မျက်နှာလေးငယ်နေ၍
ဘေးကမင်းထက်ရိုင်းက အလိုမကျစွာ
မျက်မှောင်ကျုံ့လိုက်၏
YOU ARE READING
My Lovely "Mg" (Ongoing)
Romanceချစ်တာထက်ကိုပိုပါတယ်မောင်ရယ်... နေသွေးလေပြေ + ထနှောင်းနွယ်