part (17)

897 9 0
                                    

                        

နေသွေး၏ အမိန်အာဏာနှင့်
ခိုင်းသည်များကို
သူမ မလိုက်နာချင်သော်လဲ
မလုပ်၍လဲမရဖြစ်နေပြန်သည်

အခြေအနေအရ
မချစ်သော်လဲအောင့်ကာနမ်းရမည်မဟုတ်လား

သို့ဖြစ်၍
ထွေရာလေးပါးရောက်နေသော
အတွေးများကိုရပ်တန့်လိုက်ကာ
ရေချိုးခန်းသို့ဝင်၍ ရေအမြန်ချိုးလိုက်၏

ထိုနောက်
ကြီးမေအဆင်သင့်ပြင်ပေးထားသော
အဝတ်ကိုလဲပြီး
အောက်ထပ်သို့အမြန်ဆင်းလိုက်၏

အောက်သို့ရောက်တော့
ကားပေါ်တွင်အသင့်စောင့်နေသောနေသွေးက
သူမရောက်လာသည်ကိုပင်ဂရုမပြုဟန်
ဖုန်းကိုသာအာရုံစိုက်နေသည်

သူမသည်လဲသူကိုအရေးမလုပ်
ရူတည်တည်ဖြင့်သာ
သူ့ဘေးနားသို့ဝင်ထိုင်လိုက်၏

ထို့နောက်
ဒရိုက်ဘာကစတင်မောင်းနှင်လေတော့သည်

တငြိမ့်ငြိမ့်နှင့်မောင်းလာသော
ကားလေးတွင်
စီးနင်းလာသောသူတို့နှစ်ယောက်လုံး
အတန်ကြာသည်အထိ တိတ်ဆိတ်လျင်ပင်

သူခြေကိုခြေနှင့်
တယောက်နှင့်တယောက်
ဘာမထီရန်အပြည့်

မကြာပါချေ
နေသွေးကပင်
ဖုန်းကြည့်လျက်စကား စဆိုလာသည်

"မင်းနဲ့ငါက
အခုဘယ်လိုပတ်သက်မူမျိုးလဲဆိုတာ
မင်းမမေ့ဘူးမလား"

ရုတ်တရက်ဆိုလာသော
နေသွေးစကားကြောင့်
သူမမျက်နှာလေးမှာတင်းကနဲ့ဖြစ်သွားလေသည်

"မမေ့ဘူး"

"ဟုတ်ပြီ
ဒါဆို မင်းကငါ့ထိန်းချုပ်မူ့
အောက်မှာပဲရှိတယ်ဆိုတာရော
နားလည်မယ်ထင်တယ်"

နေသွေး၏ ဝေ့ဝိုက်နေမူကြောင့်
သူမစိတ်မရှည်တော့

"စကားကို သိုင်းဝိုင်းမနေနဲ့
ရှင်ပြောစရာရှိရင်ဒဲ့ပြော"

"ကောင်းပြီလေ ငါပြောမယ်
အခြေနေအရ
အခုမင်းကအရင်ကနဲ့မတူတော့ဘူးဆိုတော့
ကျောင်းတက်တဲ့အချိန်တွေမှာ
မင်းလိုက်နာဖို့
စည်းကမ်းအသစ်ချမှတ်မယ်"

ထိုစကားကြားတော့
သူမ အတော်စိတ်ပျက်လက်ပျက်ဖြစ်သွားရာ
သူ့မျက်နှာကိုစေ့စေ့ကြည့်၍

My Lovely "Mg"  (Ongoing)Where stories live. Discover now