Intro

431 20 2
                                    

' ကျောင်းကောင်စီအဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရတဲ့ ပထမနှစ်ကျောင်းသား/သူ စာရင်း '

ပါ့ဝန်ဘင်း တစ်ယောက် စာရင်းထဲမှာပါလာတဲ့ သူ့နာမည်ကို ပီတိတွေအပြည့်နဲ့ကြည့်နေတယ်

'တယ်တော်တဲ့ငါပါလား'

တကယ်လည်း ပါ့ဝန်ဘင်း ဆိုတာ သူတို့စာသင်နှစ်ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲလေ...
အဆင့် ၁ နေရာက သူ့အတွက်ဖြစ်တည်လာတယ် ထင်ရတဲ့အထိ တစ်ကျောင်းလုံးအဆင့် ၁ ဆို ပြေးမကြည့်နဲ့ သူပဲ...

စာနဲ့ပတ်သက်ပြီး ဘာသာရပ်တိုင်းမှာထူးချွန်မှုတွေကြောင့် စာကြမ်းပိုးတွေနဲ့ ကျောင်းသားမိဘတွေကြားမှာတော့ သူက အချစ်ခံလေးပါပဲ...

တချို့မိဘတွေဆို သူတို့ကလေးတွေကို အားမရလွန်းလို့ ဝန်ဘင်းဆီမှာအမြဲချီးသွားသွားစားခိုင်းနေကြလေ

အဲ့တာကြောင့်လည်း ဝန်ဘင်းကိုဆို ကျောင်းသားတစ်ချို့က ကြည့်မရကြဘူး...

သူကတော့ ပတ်ဝန်းကျင်က သူ့ကိုဘယ်လိုထင်ထင် စာကလွဲပြီး ဘာကိုမှအာရုံမစိုက်..

အိမ်ကနေထမင်းဘူးယူလာတာများပြီး ကျောင်းမုန့်စားစျေးတန်းတောင် သိပ်မလာချင်ရှာဘူး...

စာလုပ်တာအနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ကျောင်းတွင်းလှုပ်ရှားမှုတွေမှာလည်း ဝင်မပါ...

အခန်းထဲမှာဆိုလည်း စာမေးတဲ့အချိန်နဲ့ စာဖြေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူ့အသံယောင်လို့တောင်မထွက်

သူတို့ ကျောင်းက ဆုပေးပွဲတက်ဖူးတဲ့ ကျောင်းသားတွေနဲ့ သူနဲ့အခန်းတူတဲ့ သူတွေကလွဲလို့ ကျောင်းသားအများစုက ဝန်ဘင်းဆို နာမည်ပဲကြားဖူးပြီး မျက်နှာမတွေ့ဖူး ကြတာများတယ်

အဲ့တာကြောင့်လည်း ဝန်ဘင်း ကျောင်းကောင်စီ အဖွဲ့ဝင်ဖြစ်ဖို့အရွေးခံတယ်လည်းကြားရော တစ်ကျောင်းလုံး လန့်ဖြန့်ကုန်ကြတာလေ

' ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် စာကြည့်တိုက်တွေကို သူရှိတဲ့နေရာမှာ စုထားမယ့် တစ်မိုးအောက် ပါ့ဝန်ဘင်း က အလုပ်တွေအရမ်းလုပ်ရတဲ့ ကျောင်းကောင်စီအဖွဲ့ထဲဝင်မှာတဲ့လား !?'

New Beginning Where stories live. Discover now