Chapter 1

352 26 6
                                        

" အတန်းခေါင်းဆောင်တွေကို ဒီအချိန်စာရင်းတွေပို့ပြီးပြီလား "

ဂျောင်ဆောင်ချန်း စုံထောက်လိုမျက်လုံးဖြင့် စာသင်နှစ်တစ်ခုချင်းစီရဲ့ အချိန်စာရင်း စာရွက်တွေကို တစ်ရွက်ချင်းလှန်ကာ အာရုံစူးစိုက်စွာဖြင့် စစ်နေရင်း မေးလိုက်တယ်
အွန်းဆော့က  အေးအေးဆေးဆေးနှင့် ခေါင်းငြိမ့်ပြတော့ ဆောင်ချန်းမျက်ခုံးပင့်ကာ

" မှားမပေးလိုက်တာသေချာတယ်နော် "

အလုပ်နဲ့ပက်သက်လာရင် အမှားမခံတတ်ပဲ ဇီဇာကြောင်တဲ့ ဆောင်ချန်းအကြောင်းကို သိနေတဲ့ အွန်းဆော့ကတော့ ဘာမှပြန်မဖြေတော့ပဲ လုပ်စရာရှိတာသာဆက်လုပ်တော့တယ်

ဟုတ်တယ်လေ ဂျောင်ဆောင်ချန်းဆိုတာ တစ်ကျောင်းလုံး လေးစားတာကိုခံရတဲ့ ကျောင်းသားဥက္ကဠ

ကိုးရီးယားရဲ့ စီးပွားရေးလမ်းကြောင်းကို လွှမ်းမိုးထားတဲ့ JS လုပ်ငန်းစုရဲ့အငယ်ဆုံးသားလေး

သူ့ရုပ်ရည်ကတော့ ဘုရားသခင် စေတနာပိုလွန်းပြီး ဖန်ဆင်းပေးထားတာထင်ပါရဲ့... ကျောင်းက ချောလှပါပြီဆိုတဲ့  အိုင်ဒေါဖြစ်ဖို့လေ့ကျင့်နေကြတဲ့ ယောက်ျားလေးတွေတောင် ဂျောင်ဆောင်ချန်းအနားရောက်သွားရင် မိုးနတ်မင်း နဲ့ မျောက်တစ်သိုက်လိုပဲ အရှိန်အဝါတွေက တစ်ခြားစီကွဲထွက်သွားတာလေ

သူဌေးသားဆိုပြီး လူတိုင်းကိုမတူမတန်သလို ချေမိုးမနေတတ်ပေမယ့် အမြဲဖော်ဖော်ရွှေရွှေနဲ့ဆက်ဆံတတ်တာလည်းဟုတ်မနေဘူး...

ငယ်ငယ်တည်းက အဘိုးဆီက စနစ်တကျ ပျိုးထောင်ခံထားရတာမို့ လူတိုင်းနဲ့ ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတတ်ပြီး ဦးဆောင်တဲ့နေရာမှာ နည်းစနစ်ကျတဲ့အပြင်ကိုမှ လုပ်သမျှအရာတိုင်းကို ဟာကွက်မရှိအောင်လုပ်တတ်သူမို့ ဆရာမတွေကရော ကျောင်းသားတွေကပါ သူ့ကို ကျောင်းသားဥက္ကဠ အဖြစ် ညီညီညွတ်ညွတ်ရွေးချယ်ပေးခဲ့ကြတာလေ...

မိသားစုအသိုင်းအဝိုင်းကြောင့် သူ့ကိုဒီနေရာပေးလိုက်တာဆိုပြီး ထင်ကြမယ့်သူတွေလည်းရှိနိုင်ပေမယ့် ဒီလိုတာဝန်ကြီးလွန်းတဲ့အလုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်မယ့်သူက ဂျောင်ဆောင်ချန်းအပြင်မရှိဘူးဆိုတာကိုတော့ လက်မခံချင်လည်း လက်ခံရလိမ့်မယ်...

New Beginning Where stories live. Discover now