" မပြီးသေးဘူးလား ဝန်ဘင်းနီး "
နှုတ်ခမ်းလေးစူကာ သူ့ကို မေးလေးထောက်ရင်း ကြည့်၍မေးလာသော ဆောင်ချန်းဟျောင်းကြောင့် ဝန်ဘင်းပြုံးမိသည်
" ခဏလေးနော်ဟျောင်း ဒီတစ်ပုဒ်ပြီးရင် ပြီးပြီ "
" အရင်အပုဒ်တွေတုန်းကလဲ
ဒီလိုပဲပြောတာကိုကွာ "
နှုတ်ခမ်းစူတာအားမရလို့ ခြေထောက်ကိုဆောင့်ရင်း အပြစ်မရှိတဲ့ ကြမ်းပြင်ကို တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ လုပ်လိုက်သေးတယ်
" ဟျောင်း အခုကစာကြည့်တိုက်မှာနော်
ကျောင်းသားဥက္ကဌ ကိုယ်တိုင်က ဆူဆူညံညံတွေလုပ်နေရင် လူမြင်မကောင်းဘူးလေ "
ဝန်ဘင်း ဆူသလိုနဲ့ သတိပေးလိုက်သဖြင့် ဆောင်ချန်း ခြေဆောင့်ရာမှ ရပ်လိုက်ကာ ဆူပူတ်ပုတ်နှင့် သူ့အားကြည့်နေလေသည်..
ဝန်ဘင်း စိတ်ပျက်သလိုပုံဖြင့် သက်ပြင်းချမိပေမယ့် သူကိုယ်တိုင်သတိမထားမိလိုက်ပဲ အပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ ထပ်ပေါ်လာသည်
အရင်တုန်းကသာ သူ့ဆီ တစ်ယောက်ယောက်လာပြီး ဆောင်ချန်းက ကလေးဆိုးကြီးလိုပဲ
အရမ်းရစ်တတ်တာလို့လာပြောရင် အဲ့လူကို 'ဒီလောက်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်နေတဲ့ သူက ကလေးဆိုးလိုနေမှာတဲ့လား မင်း သောက်ရူးပဲ ' ဆိုပြီး ဆဲလွှတ်မိမှာ..
ဝန်ဘင်း ဆောင်ချန်းနဲ့ အနီးကပ်နေတာ ကြာလာလေလေ ဖုံးကွယ်ထားတဲ့ ဆောင်ချန်းရဲ့ပုံစံအစစ်အမှန်တွေကို ပိုပိုမြင်ရလာလေလေပဲ..
ဆောင်ချန်းဟျောင်းက တခြားကျောင်းသားတွေရှေ့မှာဆိုရင် တည်ငြိမ်ပြီးရင့်ကျက်တဲ့ aura တွေထုတ်လွှတ်နေပေမယ့် ဝန်ဘင်းနားရောက်လာရင်တော့ တက်ကြွနေတဲ့ ပါပီလေးတစ်ကောင်လို ဖြစ်သွားတော့တာပဲ..
တစ်ခါတစ်လေ ဒီလိုကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့သူ့ဟျောင်း က ဒီလိုရော ချစ်ဖို့ကောင်းတတ်သေးတာလားဆိုပြီး ဝန်ဘင်းအံ့သြမိတယ်..
လောဘကြီးတယ်လို့ ထင်ရင်လည်းထင်ပါ ဆောင်ချန်းရဲ့ ဒီလိုပုံစံလေးကို ဝန်ဘင်း သူတစ်ယောက်တည်းပဲ မြင်ချင်မိတယ်..ကောင်းတဲ့အရာတွေဆို မျှဝေရတယ်လို့ ပြောကြပေမယ့် ဆောင်ချန်းရဲ့ ဒီလိုချစ်စရာကောင်းတဲ့ ဘက်ခြမ်းကိုမြင်ပြီး ကောင်မလေးတွေပိုသဘောကျလာကြမှာကတော့ ဝန်ဘင်းအတွက် ကောင်းတဲ့အရာမဟုတ်တာမို့ ဝန်ဘင်း ဘယ်သူ့ကိုမှပေးမြင်ခိုင်းဖို့စိတ်ကူးမရှိပါဘူးနော်
YOU ARE READING
New Beginning
Fanfictionလောကကြီးမှာ ဘယ်အရာကမှမတည်မြဲဘူးတဲ့ တစ်ချို့က မတတ်သာတဲ့အခြေအနေကြောင့် ဘဝရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရပေမယ့် တစ်ချို့ကတော့ ကိုယ်တိုင်လျှာရှည်မှုကြောင့် သူတို့ဘဝကြီးကနေရင်းထိုင်ရင်း တလွဲတွေဖြစ်ကုန်တယ် အဲ့လိုလူတွေထဲ ပါ့ဝန်ဘင်းကတော့ ထိပ်ဆုံးကပေါ့
