ဝန်ဘင်းတို့ အိမ်နားက စတိုးဆိုင်လေးထဲက ခုံတန်းရှည်မှာ အအေးထိုင်သောက်နေကြတဲ့ ဝန်ဘင်း နဲ့ ဆွန်းဟန်" မနက်ဖြန်လည်း ကျောင်းမှာတွေ့ရမှာကို ညဘက်ကြီး လှမ်းခေါ်ရတဲ့အထိ ငါ့ကို လွမ်းနေပြီလား ? "
ဆွန်းဟန် မျက်လုံးတစ်ဖက်မှိတ်ပြကာ စလိုက်သည့်စကားကို ဝန်ဘင်း ဘယ်လိုမှမတုံ့ပြန်ပေ..
ဝန်ဘင်း ဆွန်းဟန်ဘက်လှည့်ကာ လေးလေးနက်နက်ဖြင့် ကြည့်လာတယ်..
" မင်းကို အရေးကြီးကိစ္စပြောစရာရှိလို့ "အရယ်အပြုံးမရှိ တည်တံ့နေတဲ့ သူ့သူငယ်ချင်း မျက်နှာထားကြောင့် ဆွန်းဟန်ပါ ပြုံးစိစိဖြစ်နေရာမှ တည်သွားသည်..တစ်ခုခုဖြစ်ထားတဲ့ပုံပဲ..ဒီလိုအခြေအနေမျိုးမှာ ပေါ့ပြက်ပြက်မနေသင့်ဘူးဟု ဆွန်းဟန် သူ့ကိုယ်သူ သတိပေးလိုက်သည်
" ဟေ့ကောင်ဘာကိစ္စရှိလို့လဲ "
ဝန်ဘင်း သက်ပြင်းချကာ
" ငါတို့ ကိုးရီးယားနိုင်ငံတော်ကြီး ပိုတိုးတက်နိုင်ဖို့ နှောင့်နှေးသွားပြီ "
ဆွန်းဟန် မျက်တောင်နှစ်ချက်လောက်ခတ်လိုက်ပြီး
" ဘာလို့လဲ ? "" နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ ပြည်သူတစ်ယောက်ချင်းစီ ကောင်းမှ တာဝန်ယူမှုရှိမှ အဆင်ပြေမှာ..ငါ့လို လူ့အမှိုက်တစ်ယောက်ကြောင့် အဲ့ကိစ္စတွေနှောင့်နှေးကုန်တော့မယ် "
ဝန်ဘင်း အဖြေကြောင့်ဆွန်းဟန် မျက်ခုံးတစ်ဖက်ပင့်သွားကာ
" မင်းကဘာလို့ လူ့အမှိုက်ဖြစ်သွားတာလဲ ? "" တာဝန်ယူမှုမရှိလို့ "
ဝန်ဘင်းရဲ့ဆိုလိုရင်းကို ဆွန်းဟန် နားမလည်သဖြင့်ခေါင်းကုပ်ကာ
" မင်းကိုမင်း တာဝန်ယူမှုမရှိဘူးလို့ ဘာလို့ထင်ရတာလဲ? "" ငါ့စိတ်နဲ့ငါဝင်ထားတဲ့ ကျောင်းကောင်စီအဖွဲ့ထဲက ထွက်ဖို့ဆုံးဖြတ်လိုက်လို့ "
ဆွန်းဟန် အံ့သြသွားကာ ပါးစပ်ကြီးဟသွားပြီး
" မင်းက ဘာလို့ထွက်ချင်ရတာတုန်း "" ကျောင်းသားဥက္ကဠ အပေါ်အမှားလုပ်မိလို့ "
" ဘာအမှားတုန်းဟ ! "
စိတ်မရှည်တော့သဖြင့် ဆွန်းဟန်အသံတွေကျယ်လာကာ စိတ်ကိုဆွဲဆန့်ဖို့အတွက် အအေးတစ်ငုံယူသောက်လိုက်တယ်

YOU ARE READING
New Beginning
Fanfictionလောကကြီးမှာ ဘယ်အရာကမှမတည်မြဲဘူးတဲ့ တစ်ချို့က မတတ်သာတဲ့အခြေအနေကြောင့် ဘဝရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရပေမယ့် တစ်ချို့ကတော့ ကိုယ်တိုင်လျှာရှည်မှုကြောင့် သူတို့ဘဝကြီးကနေရင်းထိုင်ရင်း တလွဲတွေဖြစ်ကုန်တယ် အဲ့လိုလူတွေထဲ ပါ့ဝန်ဘင်းကတော့ ထိပ်ဆုံးကပေါ့