Chapter 7

321 34 22
                                        


ဆောင်ချန်း သူ့အိပ်ခန်းထဲမှ ထွက်လာလာချင်းမှာပဲ သူကြိုက်တဲ့ ရေညှိဟင်းချိုအနံ့လေးကို ရလိုက်တာမို့ ခြေလှမ်းတွေက လျင်မြန်လာပြီး ခပ်သွက်သွက်ပဲ အောက်ကိုဆင်းလာလိုက်တယ်

" သား ဆင်းလာပြီပဲ..ဖေဖေတောင် လာခေါ်တော့ဖို့ လာ နေ့လည်စာစားကြရအောင် "

ဆောင်ချန်းရဲ့ ဖေဖေမှ သူ့ပခုံးကိုအသာလေးဖက်ကာ ထမင်းစားခန်းထဲ ခေါ်သွားတယ်

ရုံးပိတ်ရက်ဆို အမြဲ သူ့ကို အချိန်ပေးပြီး ဂရုစိုက်တတ်တဲ့ ဖေဖေ.. ဆောင်ချန်း ထုတ်မပြောပေမယ့် ဖခင်တစ်ယောက်အနေနဲ့ လိုတာထပ်ကိုပိုပြီး သူနဲ့ သူ့အစ်ကို အပေါ် တာဝန်ကျေပွန်လွန်းတဲ့ သူ့ဖေဖေကို အမြဲကျေးဇူးတင်မိတယ်.. ဒါပေမယ့်လည်း အရွယ်နဲ့မလိုက်အောင် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် မိသားစုအပေါ်မှာထားတဲ့ သူ့ရဲ့ချစ်ခင်မှုတွေကို အမူအရာတွေနဲ့ထုတ်မပြခဲ့ပေ..

လူအများကြီးဆန့်တဲ့ စားပွဲရှည်ကြီးက သားအဖ  နှစ်ယောက်နဲ့ တိတ်ဆိတ်လျက်.. ဆောင်ချန်းရဲ့ ရှေ့နေအစ်ကိုကလည်း သူ့အလုပ်အကိုင်နဲ့ အခြေကျပြီးတည်းက အိမ်မှာမနေတော့တာကြာပြီလေ

ဆောင်ချန်း ထမင်းမစားခင်မှာပဲ လက်တန်းရောက်သွားတဲ့ဟင်းခွက်က ရေညှိဟင်းချိုပင်ဖြစ်တယ်..ငယ်ငယ်တည်းက ရေညှိဟင်းချိုနဲ့ဆို တခြားဘာဟင်းမှမလိုတော့တဲ့အထိ ကို ကြိုက်ရတာ.. ဇွန်းတစ်ဇွန်းအပြည့်ယူကာ မြည်းလိုက်သည့်အချိန် ဆောင်ချန်းရဲ့မျက်ခုံးတို့တွန့်ချိုးသွားသည်
' ဒီအရသာက ? '

"ဒုန်း !"
စားပွဲပြင်ပေါ် ပြင်းထန်စွာ ကျလာတဲ့ လက်ဝါးတစ်ခုကြောင့် ဆောင်ချန်း ရဲ့အဖေ စားနေရာမှလန့်သွားသည်..

" ဘာဖြစ်တာလဲသား "

" ဟိုမိန်းမ အိမ်ကိုလာသွားတာလား ? "

ဆောင်ချန်းအဖေ သက်ပြင်းချလိုက်သည်..ဆောင်ချန်းသူ့အမေအပေါ်ရှိတဲ့ နာကျည်းချက်တွေက အခုချိန်ထိကိုအရောင်မလျော့သေးဘူးကိုး..

" သားမေမေ ကို အဲ့လိုမခေါ်ရဘူးလို့ ဖေဖေ မှာထားတာ ဘယ်နှစ်ခါရှိပြီလဲ.. ဟုတ်တယ်သား သူလာပြီး သားကြိုက်တဲ့ဟင်းလေးတွေချက်ပြီး လာပို့သွားတာ "

New Beginning Where stories live. Discover now