Chapter 5

295 30 6
                                    

ဆောင်ချန်းမှ ပြောစရာရှိသည်ဟူ၍ ခေါ်ထားသဖြင့် အစည်းအဝေးလုပ်နေကျ စားပွဲရှည်မှာ ကျောင်းကောင်စီအဖွဲ့ဝင်များ သူ့နေရာနှင့်သူယူထားကြသည်..

ပါ့ဝန်ဘင်းကတော့ ခါတိုင်းလို ဂျောင်ဆောင်ချန်းနဲ့ အဝေးဆုံးဖြစ်တဲ့ နောက်ဆုံးထောင့်စွန်းမှာ ငုတ်တုတ်လေးနဲ့ ခေါင်းလေးရှေ့တိုးပြီး ဆောင်ချန်းကို ချောင်းချောင်းကြည့်နေတာပေါ့

"ဒီနေ့ခေါ်လိုက်တဲ့အကြောင်းက ထွေထွေထူးထူးတော့မဟုတ်ပါဘူး.. တိုင်ပင်စရာရှိလို့.. ဆရာမင် က ပြောတယ် အထက်တန်းနှစ်သမားတွေကို လပတ် သင်္ချာ mini test တွေ စစ်တော့မယ်တဲ့.. အဲ့တာ တစ်ချိန်တည်း စစ်ရင်ကောင်းမလား.. ခွဲစစ်ရင်ကောင်းမလား ဆိုပြီး ငါတို့အမြင်ကိုမေးနေတယ်.. မင်းတို့ရော ဘယ်လိုဆိုပိုအဆင်ပြေမယ်ထင်လဲ "

အားလုံးလွတ်လွတ်လပ်လပ်နဲ့ ပြောရဲအောင် ဆောင်ချန်း သူ့ရဲ့လေသံကို ပေါ့ပေါ့ပါးပါးပဲထားပြီး ပြောလိုက်တယ်

ပထမဆုံး အသံထွက်လာတဲ့သူကတော့ အွန်းဆော့ပင်
" တစ်ချိန်တည်းစစ်မယ်ဆိုတာ ငါတို့သုံးနှစ်လုံးကို ဒီအချိန်မှာပဲစစ်မှာလို့ပြောချင်တာလား "

ဆောင်ချန်း ခေါင်းကိုခါကာ
" မဟုတ်ဘူး တစ်နှစ်စီကို မေးခွန်းတစ်ခုထဲနဲ့ တစ်ချိန်ထဲစစ်ရမလား .. ဒါမှမဟုတ် မေးခွန်းတွေပြောင်းပြီး ဆရာ့ရဲ သင်္ချာအချိန်တွေမှာပဲ စစ်ရမလား .. အချိန်တူတယ် မေးခွန်းတူတယ်.. အချိန်မတူဘူး မေးခွန်းမတူဘူး အဲ့လို "

ရှိုတာရို နှာခေါင်းရှုံ့သွားသည်
" ဆရာက အဲ့တာများ လာမေးနေသေးတယ်.. အချိန်မတူပဲ မေးခွန်းတူရင်တောင် ငါတို့မေးခွန်းနှိုက်လို့ရသေးတယ် "

အွန်းဆော့ ရှိုတာရိုရဲ့ နဖူးကို လက်ထဲကဘောပင်နှင့် ပိတ်ခေါက် လိုက်သည်.. ဆောင်ချန်းကတော့ မျက်လုံးကိုမှိတ်လိုက်ပြီး သက်ပြင်းချကာ စိတ်လျော့ထားရသည်..

ထိုစဥ် အနောက်ဘက်ခြမ်းမှ လက်ကလေးထွက်လာတာကို ဆောင်ချန်း မြင်လိုက်သဖြင့် ဘယ်သူလဲဆိုတာမြင်စေရန်ခေါင်းကိုစောင်း၍ ကြည့်လိုက်တော့ ပေါက်စဖြစ်နေသည်..

New Beginning Where stories live. Discover now