Chapter 11

311 33 17
                                    


" နည်းနည်းလောက် နည်းနည်းလောက်ပါဗျ ဒီမှာအလျင်လိုနေလို့ "

ကျောင်းဆင်းတာနဲ့ လွယ်အိတ်ထဲသို့စာအုပ်များ အလျင်အမြန်ပစ်ထည့်ကာ အပေါ်က်ဝရှေ့ပိတ်ရပ်နေသော ကျောင်းသားများကို တိုးဝှေ့၍ အခန်းမှ အလျင်အမြန်ပြေးထွက်ခဲ့သည်..

အိမ်သာဆီကိုပေါ့..

နေ့လည်တုန်းက ဆောင်ချန်းဟျောင်းကျွေးသမျှ ဝန်ဘင်း ကြိုက်တာတွေရော မကြိုက်တာတွေရောကို ရွေးမနေပဲ အကုန်ပါးစပ်ထဲထည့်ခဲ့တာ
အဝင်တော့လှပေမယ့် အထွက်မလှခဲ့ပေ
လောကကြီးမှာ ဝန်ဘင်းအတွက်အကောင်းဆုံး အချိန် သုံးခုရှိတယ်

ပထမ တစ်ခုက ဂျောင်ဆောင်ချန်းက သူ့ကောင်လေးဆိုတာ သတိရသွားတဲ့အချိန်

ဒုတိယအချိန် က အဆင့် ၁ ရတဲ့အချိန်

တတိယအချိန်ကတော့ အခုလို ချီးပါပြီးတဲ့အချိန်ပဲ

" အမလေး အခုမှပဲ ဗိုက်ကပေါ့သွားတော့တယ် "

ဝန်ဘင်း လက်ဆေးကြောပြီး ကျောင်းပေါက်ဝမှာ သူ့ကိုစောင့်နေမယ့် ဆောင်ချန်းဟျောင်းကို စိတ်မပူအောင် ဖုန်းလှမ်းဆက်ဖို့ပြင်ကာ ဖုန်းကိုထုတ်လိုက်တော့မှ ဖုန်းအားကုန်နေမှန်း သိသွားသည်..

" အာ ငါ့ကောင်လေး တော့စိတ်ပူနေတော့မှာပဲ "

ဝန်ဘင်း သူ့ဘာသာပြော၍ မျက်နှာကြီးဖြီးလာသည်.. " ငါ့ကောင်လေး တဲ့ အဟိ "

လွယ်အိတ်ကိုပခုံးတွင်တင်ကာ တက်ကြွနေသော ခြေလှမ်းများနှင့် အိမ်သာထဲမှ ထွက်မယ်အလုပ်

" ဟားဟားဟား ရယ်လိုက်ရတာ "
" ဂျောင်ဆောင်ချန်းနဲ့တိုင်မယ်ဟုတ်လား!? "
" အဲ့လို သူရဲဘောကြောင်တဲ့ကောင်ကို ငါ့တို့ကကြောက်မယ်ထင်နေတာလား ဟားဟားဟား  "

ကျောင်းနောက်ပေါက်မှ လာသော အသံများကို ကြားပြီးနောက် ဝန်ဘင်း မျက်မှောင်ကြုံ့သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်မိသွားသည်.. ရှေ့ဆံပင်ရှည်များကို ပါးစပ်ဖြင့်မှုတ်ထုတ်ကာ ဖယ်ရှားလိုက်ပြီး ခပ်ဟဟ ရယ်လိုက်သည်..

" ဂျောင်ဆောင်ချန်း သူရဲဘောကြောင်လား မကြောင်လားမပြခင် သူ့ရည်းစားအကြောင်း အရင်သိအောင် လုပ်ပြရသေးတာပေါ့ "

New Beginning Where stories live. Discover now