မနက်ခင်း ထမင်းစားဝိုင်း၌ မျက်နှာချင်းဆိုင် ထိုင်ကာ အေးအေးလူလူ မနက်စာစားနေကြသော ညီအစ်ကိုနှစ်ယောက်.. တိတ်ဆိတ်မှုကို စဖြိုခွင်းသူကတော့ ဆောင်ချန်းရဲ့ အစ်ကိုပင်
" စောစောက အဖေ ဖုန်းဆက်တယ်
အိမ်ပြန်မလာရင်တောင် ဖုန်းတော့ကိုင်တဲ့ "
သူ့အစ်ကို စကားကြောင့် ဆောင်ချန်း လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ထိုနေ့က အဖြစ်အပျက်တို့ကို ပြန်မြင်ယောင်လာသည်
" အမေ မေးနေတယ်လေ အဲ့ကောင်လေးနဲ့ ဘယ်လိုပတ်သက်လဲလို့ "
" ခင်ဗျား ကိစ္စလား ? "
ဆောင်ချန်း အိမ်ပေါ်တက်သွားဖို့ လုပ်ပေမယ့်
" ဂျောင်ဆောင်ချန်း ! မရိုင်းစမ်းနဲ့ လူကြီးတွေမေးနေတာကို မဖြေပဲ ဘယ်သွားဖို့လုပ်နေတာလဲ ပမာမခန့် "
သူ့အဖေဆီမှ သတိပေးသံထွက်လာတာမို့ ဆောင်ချန်းရဲ့ အကြည့်တို့အဖေ့ဆီရောက်သွားသည်
" အဲ့မိန်းမ ကိုမမြင်ချင်ဘူး သူပြန်မှ အဖေမေးတာ အကုန်ပြောမယ် "
" မင်းအမေကို အဲ့လို အသုံးအနှုန်းနဲ့ မခေါ်ရဘူးလို့ ငါပြောတာဘယ်နှစ်ခါရှိပြီလဲ "
" အဲ့မိန်းမ ကျွန်တော့်အမေမဟုတ်တော့တာကြာပြီ "
" ဂျောင်ဆောင်ချန်း ! "
မျက်စိတစ်မှိတ်အတွင်းမှာတင် မျက်နှာပေါ်ခံစားလိုက်ရတဲ့ နာကျင်မှုနှင့်အတူ ဆောင်ချန်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်
တစ်ဘဝလုံး လုံခြုံရာလို့ သတ်မှတ်ထားခဲ့သည့် သူဆီမှ ပထမဆုံးအကြိမ် ရရှိလိုက်တဲ့ နာကျင်မှု
အံ့သြမှုနှင့်အတူ အရည်လဲ့နေသော မျက်ဝန်းတစ်စုံနဲ့ မော့ကြည့်လိုက်တဲ့အခါမှာ မျက်နှာလွှဲသွားသည်.. သူ့ကို စိတ်ပျက်နေပုံပေါက်နေသည့် အဖေ့မျက်နှာကိုမြင်တော့ မျက်နှာပေါ်ကဒဏ်ရာထပ် အဆမတန်အောင်ရင်ဘတ်ထဲနင့်နေအောင် နာကျင်သွားရသည်
" သားငယ်လေး! "
စိတ်ပူတကြီးဖြင့် သူ့ဆီပြေးလာနေသည့် သူမ
မျက်နှာပေါ်မှာ သူ့အတွက် စိုးရိမ်မှုတွေက ထင်ဟပ်လို့နေကာ စိတ်ရင်းလားဟု မေးခွန်းထုတ်မိစေတယ်
YOU ARE READING
New Beginning
Fanfictionလောကကြီးမှာ ဘယ်အရာကမှမတည်မြဲဘူးတဲ့ တစ်ချို့က မတတ်သာတဲ့အခြေအနေကြောင့် ဘဝရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရပေမယ့် တစ်ချို့ကတော့ ကိုယ်တိုင်လျှာရှည်မှုကြောင့် သူတို့ဘဝကြီးကနေရင်းထိုင်ရင်း တလွဲတွေဖြစ်ကုန်တယ် အဲ့လိုလူတွေထဲ ပါ့ဝန်ဘင်းကတော့ ထိပ်ဆုံးကပေါ့
