ကျောင်းဆေးခန်းရဲ့ ထောင်စွန်းနားက ကုတင်လေးပေါ်မှာ လဲလျောင်းနေတယ့် ဝန်ဘင်း.. စောစောက အဖြစ်အပျက်ကြောင့် လန့်ပြီးသတိမေ့သွားရာက နိုးမလာသေးပေ.. ဆွန်းဟန်က ကုတင်ဘေးက ခုံလေးမှာငိုက်ပြီး မှားလို့ ထိုင်ပြီး သူ့သူငယ်ချင်းကိုစောင့်နေတယ်ထိုစဥ် ဝန်ဘင်းရဲ့ မျက်ဝန်းတစ်စုံတို့ ပွင့်လာကာ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန် ဆွန်းဟန်ကိုမြင်တော့ စပြောလိုက်တဲ့ စကားလေးက
" ရန်ပွဲဘယ်လိုဆက်ဖြစ်သွားလဲ "
" ငါလိုး.. ဟေ့ကောင်လန့်လိုက်တာ ဘယ်တည်းက နိုးနေတာလဲ "
" မင်း ပါးစပ်ကြီးဟပြီးငိုက်နေတည်းက "
ဆွန်းဟန် ပါးစပ်အကျယ်ကြီးဟရင်း သမ်းကာ
" မင်းကနိုးမှမလာတာ အကြာကြီးစောင့်နေရတာလေ ကျောင်းတောင်ဆင်းတော့မယ် "" မင်းကို ဘယ်သူစောင့်ခိုင်းနေလို့လဲ "
" စီနီယာဆောင်ချန်းလေ "
ဟင် ဘယ်သူလို့ပြောလိုက်တယ်
ဝန်ဘင်း သူ့နားသူမယုံနိုင်ဖြစ်သွားသည်..
သူမျက်နှာကိုထိုးခံရလို့ နားများထိခိုက်သွားတာလား" စီနီယာ ဆောင်ချန်း ? "
" အင်းလေ"
" သူကဘာလို့ မင်းကိုစောင့်ခိုင်းတာလဲ "
" ဘယ်သိမလဲ "
ဝန်ဘင်း စိတ်ထဲထူးဆန်းနေသည်.. . ထို့နောက် မမေ့လဲခင် သူ့ဆီပြေးလာသော ဆောင်ချန်း၏ပုံရိပ်က ခေါင်းထဲပြန်ရောက်လာသည်.. မဖြစ်နိုင်လောက်ဘူး ဆိုတာသိပေမယ့်လည်း သူအတည်ပြုချင်တာမို့
" ငါ့ကို ဒီ ဘယ်သူသယ်လာတာလဲ "
" စီနီယာ ဆောင်ချန်းလေ.. "
ဝက်မှာအတောင်ပံပါတယ်လို့ပြောရင်တောင် ယုံချင်စရာကောင်းဦးမယ်
အခု ဘယ်သူက ဘယ်သူ့ကိုသယ်လာတယ် ..သူ့ကို အဲ့လိုကူညီရအောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးက ဘယ်လောက်ကောင်းနေလို့လဲ" စီနီယာဆောင်ချန်းက ငါ့ကိုသယ်လာတယ်? "
ဝန်ဘင်း သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း..
ဒီကျောင်းမှာ ဆောင်ချန်းမဟုတ်တဲ့ဆောင်ချန်းနောက်တစ်ယောက်ရှိသေးတာလား ?

YOU ARE READING
New Beginning
Fanfictionလောကကြီးမှာ ဘယ်အရာကမှမတည်မြဲဘူးတဲ့ တစ်ချို့က မတတ်သာတဲ့အခြေအနေကြောင့် ဘဝရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရပေမယ့် တစ်ချို့ကတော့ ကိုယ်တိုင်လျှာရှည်မှုကြောင့် သူတို့ဘဝကြီးကနေရင်းထိုင်ရင်း တလွဲတွေဖြစ်ကုန်တယ် အဲ့လိုလူတွေထဲ ပါ့ဝန်ဘင်းကတော့ ထိပ်ဆုံးကပေါ့