Chapter 8

346 37 19
                                        

ပါ့ အိမ်တော်၏ ထမင်းဝိုင်းမှာ အရင်နေ့များနှင့်မတူ တိတ်ဆိတ်လျက်.. မိသားစုဝင်အားလုံးမှာလည်း လူတစ်ယောက်တည်းဆီကို အကြည့်ရောက်နေကြသည်..

အားလုံးအကြည့်တွေကြောင့် နေရခက်နေတဲ့ ဆောင်ချန်း  သူနှင့်အနီးဆုံးဟင်းခွက်ဖြစ်တဲ့ ကင်ချီဟင်းချိုမှတစ်ဇွန်းခပ်ပြီး မြည်းကြည့်လိုက်တယ်.. မမျှော်လင့်ထားတဲ့ အရသာလေးကို လျှာကခံစားမိလိုက်တဲ့အချိန် မျက်လုံးကြည်ကြည်လေးတွေက တောက်ပလာပြီး နောက်တစ်ဇွန်းကိုထပ်စားလိုက်တယ် ..ပြီးနောက် ဝန်ဘင်းအမေကို ပြုံးပြကာ

"  အရသာရှိတယ် အန်တီ "

ဆောင်ချန်း စကားကြောင့် ဝန်ဘင်းရဲ့ အဖေ နဲ့ အမေ တို့မှာပထမဆုရသွားသလို အောင်နိုင်သူအပြုံးကြီးတွေနဲ့  တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းကျေနပ်နေကြတယ်..

ဝန်ဘင်းကတော့ သူ့အမေနဲ့အဖေကို ကြည့်ရင်း အပိုတွေလုပ်နေတယ် ဆိုတဲ့မျက်နှာမျိုးဖြင့် ခေါင်းခါကာ သူ့နဖူးက ချွေးစလေးတွေကို သုတ်လိုက်တယ်..
' ကြိုက်တယ်ဆိုလို့ တော်ပါသေးရဲ့ '

ဒီနေ့မှာလည်း ဝန်ဘင်း ဆောင်ချန်းနဲ့ပတ်သက်ပြီး ထပ်သိလိုက်ရတာတစ်ခုက ဆောင်ချန်းက လူငယ်တွေနဲ့တင်မဟုတ်ဘဲ လူကြီးတွေသဘောကျအောင်ပါ စကားကို သေသေချာချာလေးပြောဆိုဆက်ဆံနိုင်တယ်ဆိုတာပဲ.. သူတို့အိမ်က ဝန်ထမ်းအိမ်ယာ
ကတိုက်ခန်း ကျဥ်းကျဥ်းလေးမို့ ဆောင်ချန်းနေရတာသက်သောင့်သက်သာမဖြစ်မှာ စိုးရိမ်ခဲ့ပေမယ့် ဆောင်ချန်းကတော့ အေးအေးလူလူပင်.. ပြုံးရွှင်ကာ သူ့မိဘတွေနှင့် စကားပြောနေလျက်..

ဆောင်ချန်းကို သူဌေးသားဆိုပြီးရှိန်နေခဲ့ကြတဲ့ သူ့အမေနဲ့အဖေ အခုလည်းကျ သူတို့မဟုတ်တဲ့အတိုင်း ဆောင်ချန်းရဲ့ လက်လေးနှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီကိုင်ပြီး စကားဖောင်ဖွဲ့ပြီးပြောနေလိုက်ကြတာ အကြောင်းအရာကို ထပ်သွားတယ်ကိုမရှိဘူး..ထမင်းစားပြီးလို့ အချိုတည်းနေတဲ့အချိန်မှာ ဆောင်ချန်းပါးစပ်လှုပ်နေရတဲ့ တစ်ခုတည်းသောအကြောင်းက အစားစားနေရလို့မဟုတ်ပဲ စကားပြောနေရလို့..

New Beginning Where stories live. Discover now