Chapter 6

301 30 12
                                        


ဝန်ဘင်း သူ့ရှေ့ကမြင်ကွင်းကို တော်တော်လေး ဘဝင်မကျဖြစ်နေတယ်

" စီနီယာ ညီမက ဒီလိုလုပ်ရင် ပိုကောင်းမယ်ထင်တာ "

" မဟုတ်ဘူးလေ ညီမရဲ့ ကျောင်းနံရံမှာ ကပ်ဖို့ဆို ဒေါင်လိုက်ရေးမှ ပိုအဆင်ပြေမှာပေါ့ "

တော်တော်လေးကို အတိုင်အဖောက်ညီနေတဲ့ ဆောင်ချန်းနဲ့ ပထမနှစ်ကျောင်းသူလေးပင်..
အရမ်းကို လိုက်ဖက်လွန်းလို့ ဝန်ဘင်း အန်ချင်စိတ်တွေပေါက်လာတယ်..အပြစ်မရှိတဲ့ ဘောပင်လေးမှာလည်း ဝန်ဘင်းလက်ထဲတွင် အထဲက မှင်ချောင်းကျိုးပြီး ပေါက်ထွက်လာမတတ်ညှစ်ခံထားရတယ်..

" ဟုတ်သားပဲ ညီမ မတွေးမိလိုက်တာ.. "
ထိုမြေးခွေးမ မှားလို့ ထိုကောင်မလေးမှာ မျက်နှာဖြီးပြကာ ခေါင်းလေးကုပ်လျက် တစ်လောကလုံးမှာ သူအပြစ်ကင်းစင်ဆုံးလိုမျိုး မျက်နှာလေးနဲ့ ဆောင်ချန်းကို မော့ကြည့်နေတယ်..  

နဖူးတွင် ' ငါဆောင်ချန်းကို သဘောကျတယ် '  ဟုစာမကပ်ထားရုံတမယ်ပင်..မျက်လုံးကျွတ်ထွက်မတတ် သူ့ဆောင်ချန်းကိုကြည့်နေတာ.. မူကြိုကလေးတောင်လုပ်တတ်တဲ့ ပိုစတာဆွဲတဲ့ဟာကို သူက မလုပ်တတ်လို့  အမေကျော်ဒွေးတော်လွမ်းပြီး သူတို့ကိုတောင် မမေးပဲ ကျောင်းသားဥက္ကဋ္ဌ ကို သွားမေးနေတာကိုပဲကြည့်..

' ဒါလေးတောင်မတွေးမိရင် ကျောင်းကောင်စီ အဖွဲ့ဝင်လာလုပ်မနေနဲ့လေ  ' လို့ ဆောင်ချန်းပြောလွှတ်ရမှာကို ဘာလို့ နူးနူးညံ့ညံ့လေးနဲ့ပြန်ဖြေပေးနေရတာလဲ ? ဝန်ဘင်း လက်ညိုးကို သွားနဲ့ကိုက်ကာ မျက်နှာကြီးမှာ မှောင်ကုပ်နေလျက် သူ့ရှေ့က နှစ်ယောက်ကို စိတ်တိုနေတဲ့ကြောင်ပေါက်လေးတစ်ကောင်လိုအကြည့်တွေနဲ့ ရေဒါလွှတ်နေတယ် ..

' အိမ်း..'
သူ စိတ်တိုင်းမကျနေဘူး ဒီမြင်ကွင်းကိုဝန်ဘင်း တော်တော်လေး စိတ်တိုင်းမကျနေဘူး.. သူ့ကို တစ်ယောက်ယောက်ဆွဲထားကြပါ..မဟုတ်ရင် အဲ့ရှေ့က မြေခွေးမရဲ့ မျက်နှာကို မရှိတဲ့လက်သည်းတွေနဲ့  သွားကုပ်မိတော့မယ်.. 

သည်းမခံနိုင်တော့တဲ့အဆုံးဝန်ဘင်းနေရာမှ ထပြီး သူတို့နှစ်ယောက်ကြားထဲသွားရပ်ရန်ပြင်စဥ် ဟိုနေ့က အဖြစ်အပျက်တွေက ဝန်ဘင်းရဲ့ မှတ်ဥာဏ်တွေထဲမှာ ပြန်ပေါ်လာတာမို့ ဖင်ကြွဖို့ပဲရှိသေး ပြန်ထိုင်လိုက်ရတယ်..

New Beginning Where stories live. Discover now