Chapter 2

291 25 4
                                        

" အားကစားကွင်းကို အသင်းတွေသုံးဖို့ အချိန်ခွဲထားတာတွေကို တစ်ချက်ပြကြည့် "
ဆောင်ချန်း ရှိုတာရို နားရောက်လာကာ လက်ဖြန့်ရင်း ပြောသည်...

ဆောင်ချန်းရောက်လာသည်နှင့် တစ်ပြိုက်နက်မှာပင် ရှိုတာရိုရဲ့ညာဘက်တွင်ထိုင်နေသော ဝန်ဘင်းမှာ ရုတ်တရက် ဆောက်တည်ရာမရတော့ဘဲ ဘယ်ဘက်သို့လှည့်ကာ ပရင့်ထုတ်တော့မည့် စာရွက်တွေကို ဟိုလှန်ဒီလှန်လုပ်ရင်း ပြန်စစ်နေသလိုဖြင့် အလုပ်ရှုပ်ဟန်ဆောင်နေလိုက်တယ်...

ဝန်ဘင်းဘယ်မျက်နှာနဲ့ သူ့ကိုမျက်နှာချင်းဆိုင်ရဲမလဲ..ဘယ့်နှယ့်ပါ့ဝန်ဘင်းရယ် ကျောင်းသားဥက္ကဠကိုမှ သွားရှုပ်မိရတယ်လို့..သူအဖွဲ့ထဲက အထုတ်မခံလိုက်ရတာကံကောင်း..မဟုတ်ရင် ကျောင်းကောင်စီအဖွဲ့ထဲက နေ့မကူးဘဲ ကန်ထုတ်ခံရတဲ့ ပထမဆုံးသော ထိပ်တန်းကျောင်းသား ပါ့ဝန်ဘင်းဆိုပြီး ရာဇဝင်ရိုင်းတော့မှာ

ဘုရား သိကြား စီနီယာရှိုတာရို မ ပေလို့ပေါ့...

အဲ့နေ့က ပေါက်ကွဲတော့မယ့်ချိန်ကိုက်ဗုံးတစ်ခုလို ဖြစ်နေတဲ့ဂျောင်ဆောင်ချန်းတစ်ယောက် ဝန်ဘင်းကို ထခုန်အုပ်တော့မယ့်ကျားတစ်ကောင်လိုကြည့်နေတဲ့အချိန်  ရှိုတာရိုကပြုံးစိစိဖြင့်ရောက်လာပြီး

" ပါ့ဝန်ဘင်း ငါတို့ ဥက္ကဠ က မင်းထင်ထားသလောက် မသန်မာတာမို့ အဲ့က ထပြီး ဟိုမှာသွားထိုင်ပါလား "

အဲ့နေ့ကိစ္စဖြစ်ပြီးတည်းက ဝန်ဘင်း အတတ်နိုင်ဆုံးဆောင်ချန်းနဲ့ အကြည့်ချင်းမဆုံမိအောင်နေတော့သည်...

အမြန်ဆုံးကျောင်းကောင်စီအခန်းထဲမှ ထွက်နိုင်ရမည်ဆိုသည့်စိတ်ဖြင့် ကျောင်းကောင်စီအခန်းထဲသို့လာသည်... လုပ်စရာရှိသည့်တာဝန်များကို နောက်မှာကျားလိုက်လာသကဲ့သို့ အသည်းအသန်လုပ်ရင်း ပြီးတာနဲ့ တန်းပြေးဖို့ချောင်းနေတတ်သည်.. အစည်းအဝေးလုပ်နေသောအခါတွင်လည်း ဆောင်ချန်းနှင့်အဝေးဆုံးနေရာတွင်နေပြီး ဆောင်ချန်းမျက်နှာကလွဲပြီးမြင်သမျှအကုန်ကြည့်သည်..

ဆောင်ချန်း ရှိုတာရိုပေးသည့် စာရွက်ကိုကြည့်ရင်း မျက်မှောင်ကျုံကာ
" ဘောလီဘောအသင်း နဲ့ ဘတ်စကတ်ဘောအသင်း လေ့ကျင့်မယ့်ရက်က ဘာလို့ ထပ်နေတာလဲ "

New Beginning Where stories live. Discover now