Chapter 10

459 34 33
                                        


" မှန်ကြီးလည်းပေါက်ထွက်သွားဦးမယ်
တော်ရုံပဲကြည့် "

သူ့ညီမ ရန်လာစသည်ကို ဝန်ဘင်း လျစ်လျူရှုကာ သူ့အရှေ့ဆံပင်ရှည်ကို နားနောက်မှာထည့်လိုက် နားရှေ့ပြန်ထားကြည့်လိုက်နဲ့ အလုပ်တွေရှုပ်နေတယ်

" ဟိုမောင်နှမနှစ်ယောက် စောစောစီးစီး ရန်ဖြစ်မနေနဲ့ မနက်စာလာစား "

သူ့အမေရဲ့ ခေါ်သံကြောင့် ဝန်ဘင်း မှန်ထဲတွင် သူ့ပုံစံကို အဆင်ပြေမပြေတစ်ချက်ပြန်ကြည့်ကာ ဆံပင်ပုံမပျက်စေရန်  ဖြေးဖြေးချင်းဖြင့် ထမင်းစားခန်းထဲသို့ လျှောက်သွားသည်

ပါ့မိသားစု ထမင်းဝိုင်းတွင် မိသားစုလေးယောက်သား အရင်နေ့တွေကလိုပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မနက်စာစားနေကြသည်.. အရင်နေ့တွေနဲ့  မတူဘဲ ထူးဆန်းနေတာကတော့ သူတို့အိမ်က အကြီးဆုံးသားပါ့ဝန်ဘင်းပင်..

ထမင်းတစ်လုတ်စားလိုက် ခေါင်းကိုငုံ့ပြီး ပြုံးစိစိနဲ့ဖြစ်လာလိုက် နောက်တစ်လုတ်ထပ်စားလိုက် ထပ်ပြီး ပြုံးစိစိနဲ့ ဖြစ်လာလိုက်... တစ်ယောက်တည်း မူမမှန်ဖြစ်နေတဲ့ ဝန်ဘင်းကို တစ်မိသားစုလုံးကြောင်ကြည့်နေမိတယ်.. ဝန်ဘင်းညီမဆို သူ့အစ်ကိုကိုကြည့်ပြီး ထမင်းတောင်ဆက်မစားနိုင်တော့ဘူး

" အိုပါး အဲ့တာဘာဖြစ်နေတာလဲ ? "

ညီမရဲ့ မေးခွန်းကြောင့် ဝန်ဘင်း စိတ်နဲ့လူနဲ့ပြန်ကပ်သွားသည်..မျက်နှာအမူအရာကို ထိန်းချုပ်လိုက်ပြီး သူ့ညီမကို ခပ်တည်တည်ဖြင့် ကြည့်ကာ
" ငါ့ဘာငါထမင်းစားနေတာလေ..ဘာဖြစ်လို့လဲ ?"

သူ့ညီမ ဝန်ဘင်းပန်းကန်ကို မျက်လုံးဖြင့်ညွှန်ပြကာ
"တကယ်ကို ထမင်းတွေပဲစားနေတာလေ ! "

ဝန်ဘင်းသူ့ထမင်းပန်းကန်ကို ကြည့်မိတော့ သူ ဟင်းတွေမထည့်ပဲ ထမင်းတွေချည်းစားနေမိခြင်းပင်.. ဂျောင်ဆောင်ချန်းအကြောင်းတွေးပြီး ထမင်းစားလိုက်တာ ဟင်းတောင်မလိုတော့ပါလား..

ဝန်ဘင်း ရှက်တာကိုဖုံးကွယ်ရင်း ချောင်းထဟန့်ကာ
"သြော် မေမေ သားထမင်းချိုင့်မယူတော့ဘူးနော်"

သူ့မေမေမှ မျက်မှောင်ကျုံ့သွားကာ
"ဘာလို့လဲသား  ပါးစပ်ပျက်နေလို့လား ?  "
ဝန်ဘင်းအမေမှ စိတ်ပူနေသည့်လေသံဖြင့် မေးလာသဖြင့် ဝန်ဘင်း ချက်ချင်းပင် ခေါင်းခါပြလိုက်သည်

New Beginning Where stories live. Discover now